ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မြစ်ကြီးနားမြို့နယ်အခြေခံပညာအဆင့်ပြိုင်ပွဲများ ပြုလုပ်ကျင်းပမှုကို တက်ရောက်အားပေးဆုချီးမြှင့်

 ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မြစ်ကြီးနားမြို့နယ်အခြေခံပညာအဆင့်ပြိုင်ပွဲများ ပြုလုပ်ကျင်းပမှုကို တက်ရောက်အားပေးဆုချီးမြှင့်

မြစ်ကြီးနား     သြဂုတ် ၁၀

          ကချင်ပြည်နယ်အနေဖြင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြု လုပ်နိုင်ရေး မြို့နယ်အဆင့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို သြဂုတ် ၁၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

          ထို့သို့ မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှု ကို ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်ပညာ ရေးမှူးဦးဆောင်၍ အခြေခံပညာကျောင်းအုပ်များ၊ ဒိုင်အဖွဲ့ဝင်များနှင့်အတူ ကျောင်းသား/ကျောင်းသူ များက အသက်အုပ်စုအလိုက် အမျိုးသား/ အမျိုးသမီး အဆို၊ အကပြိုင်ပွဲများ ပြုလုပ်ကျင်းပနေမှုကို  ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက မြို့နယ်အဆင့်ကျင်းပရေးကော်မတီအတွက် ထောက်ပံ့ငွေ ကျပ် ၅ သိန်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကဗျာလွတ်အကအဖွဲ့အတွက် ချီးမြှင့် ထောက်ပံ့ငွေကျပ် ၁ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          အဆိုပါ မြို့နယ်အခြေခံပညာအဆင့် ပြိုင်ပွဲများကို သြဂုတ် ၉ ရက်နေ့က စတင်ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများက အသက်အရွယ်အုပ်စုအလိုက် ပြိုင်ပွဲဝင် (၄၆)ဦးတို့က တပင်တိုင်အက၊  ကဗျာလွတ်အကပြိုင်ပွဲများ၊ တယော၊ စန္ဒယားအတီးပြိုင်ပွဲများနှင့် မဟာဂီတ၊ ကာလပေါ်အဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်၍ လူရွေးချယ်ခဲ့ကြပြီး စက်တင်ဘာလတွင် ကျင်းပ ပြုလုပ်သွားမည့် ပြည်နယ်အဆင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။