ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ပြည်နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ကုန်တင်ယာဉ်များ စနစ်တကျ သယ်ယူပို့ဆောင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ပြည်နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ကုန်တင်ယာဉ်များ စနစ်တကျ သယ်ယူပို့ဆောင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၈

          ကချင်ပြည်နယ်အတွင်းရှိ မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ဝိုင်းမော်မြို့ နယ်၊ ကန်ပိုက်တီနှင့် မိုးမောက်မြို့နယ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် တရုတ်နိုင်ငံ သို့ ကုန်စည်များ တင်ပို့ရာတွင် စနစ်တကျညှိနှိုင်းသယ်ယူပို့‌ဆောင်နိုင်ရေးအတွက် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်းအဝေးကို အောက်တို ဘာ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နှစ်နိုင်ငံကုန်စည် စီးဆင်းရာတွင် အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆောင်ရွက်သွားရမည့်ကိစ္စရပ်များနှင့် တစ်သျှူး ငှက်ပျောအပါအဝင် စိုက်ပျိုးရေးသီးနှံထုတ်ကုန်များ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရာတွင် ကုန်တင် ယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့်် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကချင် ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း၊သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ တာဝန် ရှိသူများနှင့် မြန်မာ-တရုတ်ကုန်စည်တင်ပို့ရာတွင် တစ်သျှူးငှက်ပျောအပါအဝင် စိုက်ပျိုးရေးထုတ်ကုန်သီး နှံများ အချိန်မီတင်ပို့နိုင်ရေး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်သယ်ဆောင်မည့် မော်တော်ယာဉ် အစီးရေနှင့် ကန်ပိုက်တီ-ဟိုချောင်နယ်စပ်တွင် ကွန်တိန်နာဘောက်စ် စနစ်ဖြင့် နယ်စပ်ဖြတ်ကျော်သယ် ယူပို့ဆောင်သွားမည့်အစီအစဉ်များ၊ ရှန်တိန်ယာဉ်မောင်းများဖြင့် ကုန်စည်ဖလှယ်ပို့ဆောင်မည့် အစီအမံ များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ကုန်တင်ယာဉ်များ စနစ်တကျဖြင့် ကုန်စည်ဖလှယ် သယ်ယူပို့ဆောင်နိုင်ရေး၊ လုပ်ငန်းစဉ်သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။