ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းနှင့် ဒေသခံများအတွက် အခြေခံစက်ချုပ်ပညာသင်တန်းဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်

 ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းနှင့် ဒေသခံများအတွက် အခြေခံစက်ချုပ်ပညာသင်တန်းဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား     စက်တင်ဘာ ၅

          ကခငွပြှညနြယအြတှငြး သဘာဝဘးအနျတရာယစြီမံခန့ခြှဲမှုလုပငြနြးမွားကို ကောမြတီအဖှဲ့ဝငြ မွား၊ ဟနခြကွညြီညီပူးပေါငြးဆောငရြှကနြိုငရြေးနှင့ြ သဘာဝဘေးမဖှဈခငကြှိုတငကြာကှယရြေးလုပြ ငနြးအတှကြ စီမံခန့ခြှဲနိုငရြေး ပှညနြယဘြေးအနျတရာယဆြိုငရြာစီမံခန့ခြှဲမှုဦးစီးဌာနမှ ကှီးမှူး၍ သဘာဝ ဘေးအနျတရာယစြီမံခန့ခြှဲမှု အခှခေံသငတြနြးဖှင့ပြှဲကို စကတြငဘြာ ၅ ရကြ နံနကြ ၉ နာရီက အဆိုပါ ဦးစီးဌာန အစညြးအဝေးခနြးမ၌ ကငွြးပပှုလုပသြညြ။

          သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ယနေ့ သင်တန်းမှ ပို့ချဆွေးနွေးမှုများသည် ပြည်နယ်အတွင်းသဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင် ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် စားပွဲဝိုင်းလေ့ကျင့်ခန်းများ၊ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများကိုလည်း သင်တန်း ကာလအတွင်း တစ်ဆက်တည်း လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် အတွေ့အကြုံများရရှိကာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာ ကြားသည်။

          ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေ သီမာက (၅.၉.၂၀၂၂)ရက်နေ့မှ (၉.၉.၂၀၂၂)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

          အဆိုပါသင်တန်းကို ဌာနဆိုင်ရာများ၊ရပ်ကွက်နေပြည်သူများ၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း များတွင် ပါဝင်သည့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများပါဝင်သည့် သင်တန်းသား (၅၀)ဦး တို့အား  သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ဘေးအန္တရာယ်ဆိုင်ရာဝေါဟာရများ၊ ကြိုတင်ကာကွယ်ရေး နှင့် ဘေးအန္တရာယ်လျော့ပါးသက်သာစေ‌ရေး နည်းလမ်းများ၊ ရပ်/ရွာလူထုအခြေပြု ဘေးအန္တရာယ် စီမံခန့်ခွဲမှုများ၊ဘေးအန္တရာယ်ကျရောက်လာပါက လုပ်ဆောင်ရမည့် အရေးပေါ်စီမံခန့်ခွဲရေးနည်းလမ်း များကို လေ့ကျင့်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

          ထိုမှတစ်ဆင့် ပြည်နယ်လူမှုရေးရာဝန်ကြီးသည် မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန  (Community Centre)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် အိမ်တွင်းမှုပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ဒေသခံအမျိုး သမီးများ ဝင်ငွေတိုးပွားရေး၊ အသက်မွေးပညာရပ်များ တတ်မြောက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ် သည့် အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးက ယခုလိုသင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် အမျိုးသမီး ငယ်ရွယ်သူများ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ရပ် ထူထောင်နိုင်ခြင်း၊ မိသားစုစား ဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိစေနိုင်သည့်အတွက် သင်တန်းသူများအနေဖြင့် သင်တန်းတွင် ကြိုးစားသင်ယူကြရန်နှင့် လက်တွေ့ထိရောက်စွာအသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးလှဌေး က Community Centre တွင် ဒေသတွင်းလူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ နည်းပညာနှင့် အသိပညာဗဟုသုတများ တိုးတက်မြင့်မားစေရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ အခြေခံစက်ချုပ်နည်းသင်တန်းကို (၅.၉.၂၀၂၂)ရက်နေ့မှ (၅.၁၀.၂၀၂၂)ရက်နေ့ သင်တန်းသား/ သင်တန်းသူ ၂၀ ဦးတို့အား အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းမှ နည်းပြ ဆရာမများက လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။