ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒူကထောင်ရပ်ကွက်အတွင်း လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒူကထောင်ရပ်ကွက်အတွင်း လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား          ဇန်နဝါရီ ၂၁

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်း လမ်းများခင်းကျင်း ဆောင်ရွက်ပေး နိုင်ရေးအတွက် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ပြည်နယ်ဝန်ကြီးချုပ်သည် ဒူကထောင်ရပ်ကွက် နယ်မြေ(၅) အတွင်းရှိ ရပ်မိ/ရပ်ဖ များနှင့် ရပ်ကွက်နေပြည်သူများ၏ လိုလားချက်အရ ရပ်ကွက်အတွင်းလမ်းများဖြစ်သည့် ဆိမ့်ဆလမ်း အရှည် ၁၂ဝဝပေ ၊ မနောလမ်း အရှည် ၁၁ဝဝပေ ၊ မဂ်လာလမ်း အရှည် ၁၃၂၅ပေ တို့အား ခင်းကျင်းပေးနိုင်ရေး ၊ရပ်ကွက်အတွင်း ကလေးကစားကွင်း ဆောင်ရွက်နိုင်ရေး မြေနေရာ အခြေအနေနှင့် ရေဝပ်သည့် နေရာများတွင် ရေနှုတ်မြောင်း များ ‌ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေရေးအတွက် အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အမြန်ဆုံးဆောင်ရွက်‌ပေးနိုင်ရေးနှင့် လမ်းနှင့်ကစားကွင်းနေရာတို့ကို ကွင်းဆင်းတိုင်းတာ စစ်ဆေးတင်ပြရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားခဲ့သည်။