ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြို့သန့်ရှင်းသာယာလှပရေး အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြို့သန့်ရှင်းသာယာလှပရေး အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     သြဂုတ် ၂၇

          ကခငွပြှညနြယြ၏ မှို့တောြ မှဈကှီးနားမှို့ မှို့အငြျဂါရပနြှင့အြညီ သန့ရြှငြးသာယာလှပရေး ဌာနဆိုငရြာအဖှဲ့အစညြးမွား၊ တပနြယမြိသားစုမွားစုပေါငြး၍ အခှခေံပညာအထကတြနြးကွောငြး (မနခြိနြ)နှင့ြ ခမောသီရပကြှကရြှိ ခမောသီဝံဘုနြးတောကြှီးကွောငြးဝငြးအတှငြး စုပေါငြးသန့ရြှငြးရေး လုပငြနြး ဆောငရြှကခြှငြးကို သှဂုတြ ၂၇ ရကြ နံနကြ ၇ နာရီခှဲတှငြ ဆောငရြှကခြဲ့ကွှသညြ။

          ယင်းသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များက ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ တပ်နယ်များမှ တပ်ရင်း/ တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက မန်ခိန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းနှင့် ကျောင်းပြင်တို့တွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်း ပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ ရေဝပ်သည့်နေရာများ မြေဖို့ခြင်းလုပ်ငန်းများ စုပေါင်းဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး နံနက်စာ မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးအပ်ခဲ့ ကြသည်။

          အလားတူ ခေမာသီရိရပ်ကွက်အတွင်းရှိ ခေမာသီဝံကျောင်းတိုက်အတွင်း ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များစုဖွဲ့၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက် များ ကောက်ယူခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။