ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မား ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၊ ပြည်နယ်ကိုယ်စားပြု မွန်အကနှင့် ကဗျာလွတ် အကအဖွဲ့အား သွားရောက် တွေ့ဆုံအားပေးထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မား ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၊ ပြည်နယ်ကိုယ်စားပြု မွန်အကနှင့် ကဗျာလွတ် အကအဖွဲ့အား သွားရောက် တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     စက်တင်ဘာ ၂၉

          ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်အတွင်း အောင်ချက် မြင့်မားရေးအတွက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ပြည်နယ်ပညာရေး မှူး၊  တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို   စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီက တက္ကသိုလ် အစည်းအ‌‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြား သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင်  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် အနေဖြင့် ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနက် အောင်ချက်ရာခိုင်နှုန်း ၄၆.၃၇ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် ဆဋ္ဌမအဆင့် ရရှိခဲ့သော်လည်း ဘာသာစုံဂုဏ်ထူးရှင် ထွက်ရှိခဲ့ခြင်း မရှိပါကြောင်း၊ သို့ဖြစ်၍ ပါမောက္ခဌာနမှူး၊ ဆရာ၊ ဆရာမများ အနေဖြင့် လာမည့် ၂၀၂၂-၂၂၀၃ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းကို ယခင် နှစ်ကထက် ပိုမိုတိုးတက်မြှင့်မားလာစေရေးနှင့် ဘာသာစုံဂုဏ်ထူးရရှိရေးအတွက် ကြိုးစားဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်နယ်ပညာရေး မှူးနှင့် ဘာသာရပ်အလိုက်စာစစ်မှူးချုပ်များက  လာမည့်နှစ်အတွင်း ပြည်နယ်၏ အောင်ချက်ရာခိုင် နှုန်းမြင့်မားရေး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဝေးလံခက်ခဲသည့် ဒေသများမှ ကျောင်းသား/ ကျောင်းသူများအား စာမေးပွဲနီးချိန်တွင် သက်ဆိုင်ရာခရိုင်/ မြို့နယ်ပညာရေးမှူးများ နှင့် ချိတ်ဆက် ပူးပေါင်း၍ စခန်းသွင်းလေ့ကျင့်သွားမည့် အစီအမံများနှင့် အမှတ်ပေးစည်းမျဉ်းများ နှင့်အညီ စနစ်တကျ လေ့ကျင့်သင်ကြားပေးရေး စသည့်ကိစ္စရပ်များနှင့် လိုအပ်ချက်၊ အခက်အခဲများ ကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အတွက် ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ရေးနှင့် လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက် နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာ ခိုင်နှုန်း ၂၉.၂၈ ရာခိုင်နှုန်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၂၉.၉၉ ရာခိုင်နှုန်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၄၆.၃၇ ရာခိုင်နှုန်း ရှိခဲ့သဖြင့် ပညာသင်နှစ် (၃)နှစ်အတွင်း အောင်ချက်ရာခိုင်နှုန်း တိုးမြင့်လာသော်လည်း ဘာသာစုံဂုဏ်ထူးရှင် ထွက်ပေါ်ခဲ့ခြင်းမရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားတက္ကသိုလ်ခန်းမ၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဗဟိုအဆင့်ပြိုင်ပွဲသို့ ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပညာရှင်များဖြင့် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မွန်တိုင်းရင်းသားရိုးရာ အကအဖွဲ့နှင့် ကဗျာလွတ်အကအဖွဲ့များ၏ လေ့ကျင့်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စနစ်တကျ လေ့ကျင့်နိုင်ရေး၊ ပြိုင်ပွဲဝင်များအား ကိုဗစ်ရောဂါကြိုတင်ကာ ကွယ်ရေး လိုက်နာရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး မေးမြန်းဆွေးနွေးခဲ့ပြီး အကအဖွဲ့ များအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။