ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားခရိုင်နှင့်ပူတာအိုခရိုင်အတွင်းရှိ ကြွက်ဘေးသင့် ပြည်သူများအား ဆန်ရိက္ခာနှင့်အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားခရိုင်နှင့်ပူတာအိုခရိုင်အတွင်းရှိ ကြွက်ဘေးသင့် ပြည်သူများအား ဆန်ရိက္ခာနှင့်အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ထောက်ပံ့

မြစ်ကြီးနား     အောက်တိုဘာ ၂၀

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်နှင့်ပူတာအိုခရိုင်တို့တွင် ၂၀၂၂ခုနှစ် သြဂုတ်လအတွင်း ကြွက် ဘေးအန္တရာယ်ကျရောက်မှုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ဆန် ရိက္ခာနှင့်အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၀ ရက် နံနက် ၁၀နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကြွက်ဘေး အန္တရာယ်ကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအခက်အခဲများစွာ ကြုံတွေ့ခဲ့ရ သည်ကို ကြားသိရသည့်အတွက် ပြီးခဲ့သည့်သြဂုတ်လနှင့် အောက်တိုဘာလတို့တွင်မြစ်ကြီးနားခရိုင် နှင့် ဆွမ်ပရာဘွမ်မြို့နယ်များအတွင်းရှိ တောင်သူ (၂၅၅) ဦးတို့အတွက် ဆန်အိတ် (၂၅၅) အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ချိန်ရိန်တောင်ကုမ္ပဏီတို့က ဆန်ရိက္ခာနှင့်အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

      ထို့နောက် ချိန်ရိန်တောင်ကုမ္ပဏီမှမန်နေးဂျင်းဒါရိုက်တာဦးဟန်စိုးက ကြွက်ဘေးသင့်ပြည်သူများ အား ဆန်ရိက္ခာများထောက်ပံ့လှူဒါန်းရခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်လှုမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီး မှူးဒေါ်လှကေသီမာနှင့် ချိန်ရိန်တောင်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာတို့မှ ကြွက်ဘေးသင့်ခဲ့သည့် မြစ်ကြီးနားခရိုင်အတွင်းရှိ တီယန်ဇွတ်၊ အင်ဂျစ်ယန်ကျေးရွာနှင့် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ဘွမ်နင်ယန်ကျေးရွာတို့မှ အိမ်ထောင်စု (၁၂၅) စု၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ဘွပ်ခါး၊ ကဝါးပန်၊ ခကရန်းယန်၊ မိုင်ထောင်း၊ ဇနန်ခ၊ အင်ဂေါမကျေးရွာတို့မှ အိမ်ထောင်စု(၁၄၉)စု၊ စုစုပေါင်းအိမ်ထောင်စု (၂၇၄) စုတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်လစာ ဆန်ရိက္ခာတန်ဖိုးငွေ စုစုပေါင်းငွေကျပ် (၁၄၀၅၈၀၀၀) နှင့် ချိန်ရိန်တောင်ကုမ္ပဏီမှ ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ကြွက်ဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ အခြေခံစားသောက်ကုန် စုစုပေါင်း တန်ဖိုးငွေကျပ် (၂၂၅)သိန်းတို့ကို အသီးသီး‌ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်(၉)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ချီဖွေငယ်ဓာတ်အားလိုင်းမှတစ်ဆင့် ၂၃၀ကေဗွီ ဓာတ်အားလိုင်းတိုးချဲ့ ဆောင်ရွက်နိုင် ရေး စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဥ်း၍ SPIC Yunnan International Power Investment ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဓာတ်အားလိုင်းတိုးချဲ့တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းနှင့် စပ်လျဥ်း၍ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြန်မာနိုင်ငံမြောက်ပိုင်း ၂၃၀ကေဗွီ ဓါတ်အားလိုင်း စီမံကိန်း တည်ဆောက်နိုင်ရေးအတွက် ဘေးကင်းလုံခြုံရေး (Safety) ဖြစ်စေရန် နှစ်နိုင်ငံသံတမန် နည်းလမ်းဆက်ဆံရေးအရသော်လည်းကောင်း၊ နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးထားမှု စည်းကမ်းများအရသော်လည်းကောင်း၊ ချစ်ကြည်ရင်းနှီးမှုအရသော်လည်းကောင်း ပူးပေါင်းဆောင် ရွက်သွားကြရန်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည် များ ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးကြရန်လိုကြောင်းပြောကြားသည်။

         ယင်းနောက် SPIC ကုမ္ပဏီမှဒုတိယအထွေထွေမန်နေဂျာ မစ္စတာရှောင်လိုင်ပုက ၂၃၀ကေဗွီ ဓာတ်အားလိုင်းတိုးချဲ့ဆောက်ရွက်ခဲ့သည့် နဘား-အင်းတော်နှင့် ဗန်းမော်-နဘား ဓာတ်အားလိုင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဓာတ်အားလိုင်းတိုးချဲ့မည့်စီမံကိန်းလုပ်ငန်းအပေါ် သုံးသပ်ဖြည့်စွက်ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။

          ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း‌ ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြုပ်နှံမှု လျာထားအဆိုပြု တင်ပြချက်များအပေါ်ရှင်းလင်းတင်ပြသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဥ် တွင်ပါဝင်သော ဌာန၊အဖွဲ့အစည်းများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တင်ပြတောင်းခံ မှုများအပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်‌ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ငွေလုံး၊ ငွေရင်းအသုံးစရိတ်များအပေါ် ဌာနအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်မှ ချမှတ် ထားသော မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဥ်း၊စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စိစစ်ရေးဆွဲနိုင်ရေး ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးသွားရန် လိုကြောင်းတိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ရသုံးမှန်း‌ခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆွေက ဦးစီးဌာနအလိုက် လျာထားတင်ပြလာသည့် စီမံကိန်းအသုံးစရိတ်များအ‌ပေါ် စိစစ်လျှော့ချခြင်းနှင့် ဘတ်ဂျတ်ခွဲဝေပေးနိုင်မည့်အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီး ဌာနညွှန်ကြားရေးမှူးဒေါ်ဟန်အေးက ဌာနဆိုင်ရာများ၏ လျာထားအဆိုပြုချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆွေး‌နွေးခဲ့ကြသည်။

တင်ပြဆွေး‌နွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန်အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်စေရေး ဦးစားပေးအလိုက် ထည့်သွင်းရေးဆွဲ သွားကြရမည့် ကိစ္စရပ်များနှင့်စပ်လျဥ်း၍ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။