ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း MSME ထုတ်ကုန်ပြခန်းများဖြင့် ပြသနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း MSME ထုတ်ကုန်ပြခန်းများဖြင့် ပြသနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁၁

          ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဒေသထုတ်ကုန်များ ပြခန်းများပြသနိုင်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် ဒီဇင်ဘာ ၁၀ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲကျင်းပပြုလုပ် သည်။

          တွေ့ဆုံပွဲတွင် ပြည်နယ်အသေးစား၊အငယ်စားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်/ အလှကုန်ပစ္စည်းများ ထုတ်လုပ်သည့် MSME လုပ်ငန်းများစွာရှိနေပါ ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဒေသထုတ်ကုန်များ တိုးတက်မြှင့်မားလာ စေရေးနှင့် ပြည်တွင်း/ ပြည်ပဈေးကွက်ရရှိရေးအတွက် ပံ့ပိုးကူညီပေးရမည့်ကိစ္စရပ်များ၊ ထောက်ပံ့ မတည်ပေးခြင်းများကို အလေးထားလုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသထုတ်ကုန် များ ဈေးကွက်တွင်း ခိုင်မာအားကောင်းလာစေရေးအတွက် ပြခန်းများ ပြသနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ အေဂျင်စီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည် နယ်နေ့တို့တွင် ဒေသထွက် စိုက်ပျိုးသီးနှံများ၊ အသင့်စား စားသောက်ကုန်များ၊ စက္ကူဂျပ်ဖာနှင့် တိုင်းရင်းဆေးဝါးများ၊ ပယင်း၊ ကျောက်မျက်/ကျောက်စိမ်းအချောထည်များ၊ သစ်သားပန်းပု၊ ဝါးလက် မှုအချောထည်များ၊ ရိုးရာအဝတ်အထည်ပြခန်းများ ထုတ်ဖော်ပြသသွားမည့် အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက်/ အခက်အခဲများကို အသီးသီးတင်ပြဆွေးနွေး ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသထုတ်ကုန် ပြခန်းများ ပြသရာတွင် ဒေသ၏ ရိုးရာဓလေ့ထုံးစံ နှင့်အညီ ဖော်ထုတ်ပြသနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့တော်ခန်းမအတွင်း ပြသသွား မည့် ကျောက်စိမ်း/ ကျောက်မျက်အချောထည်ပြခန်းနှင့် မြို့တော်ခန်းမဝင်းအတွင်း ပြခန်းများတည် ဆောက်ပြီးစီးမှု၊ ပြခန်းတစ်ခန်းချင်းစီအလိုက် ပြသသွားမည့် အစီအမံများကို စနစ်တကျဖြစ်စေရေး လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။