ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မိုးညှင်း          ဖေဖော်ဝါရီ ၁၇

          ကချင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင် အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၈ နာရီတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မိုးညှင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာအတွင်းရှိ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးရုံ သို့သွားရောက်ပြီး ဆရာတော်ဦးစန္ဒော ဦးဆောင်၍ ကျောက်ကပ်ဆေးလူနာများအား ကျောက်ကပ် ဆေးစက်ဖြင့်  ကုသပေးနေမှုအခြေအနေနှင့် လူနာလက်ခံကုသနိုင်မှုအခြေအနေများကို မေးမြန်း လျှောက်ထားတင်ပြပြီး ကျောက်ကပ်ဆေးလူနာအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ပြီး ကျောက်ကပ်ဆေးရုံအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကာ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

          ထို့နောက် မိုးညှင်းမြို့ သိမ်အင်းရပ်ကွက်အတွင်းရှိ ဦးကျော်ဆီစက်သို့ သွားရောက်ပြီး ဆီစက်အတွင်း မြေပဲဆီလည်ပတ် ထုတ်လုပ်နေမှုအခြေအနေများနှင့် ဆန်စက်လည်ပတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး MSME လုပ်ငန်းမှတ်ပုံတင်ရရှိရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ထောက်ပံ့ပေးနိုင်သည့် အခြေအနေများနှင့် ဈေးကွက်ရှိဖွေပေးနိုင်သည့် အခြေအနေ များကို ဆွေးနွေးပြောကြားခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၄၅၁.၇၉၃ သန်းဖြင့်  တည်ဆောက်လျက်ရှိသည့် စက်မှုလက်မှုနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ၉၆ ပေ၊ ၁၁၈ ပေရှိ စာသင်ဆောင်သစ်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာသင်ဆောင်မျက်နှာကျက်နှင့် အမိုးများပျက်ဆီးယိုယွင်းနေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်ပြဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ဖြူစင်ရေသန့်စက်ရုံသို့ သွားရောက်ပြီး ရေသန့်စက်ရုံ လည်ပတ်နေမှု အခြေ အနေ၊ ဈေးကွက်အခြေအနေတို့ကို မေးမြန်းဆွေးနွေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး ထိုမှတစ်ဆင့် အမှတ်(၁)အခြေခံပညာကျောင်းဝင်းအတွင်း ပြည်နယ်ဝန်ကြီးချုပ်၏ လှူဒါန်းမှု ဖြင့် ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်နှင့် ကြက်တောင် ကွင်းနှင့် ဘောလီဘောကွင်းတို့တွင် ကွန်ကရစ်အခင်း ထပ်မံခင်းကျင်းပေးနိုင်ရေး ကြည့်ရှုစစ်ဆေး သည်။

          ယင်းနောက် အောင်မြင်သပြေရပ်ကွက်အတွင်းရှိ စိုးသူနှင့်ညီများ ကားဝပ်ရှော့၌ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးပေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် မိုးညှင်းမြို့ မြို့တော်ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ် နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး နှင့် MSME ကုန်ထုတ် လုပ်မှုများတိုးတက်မြင့်မားလာစေရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ် အဖွဲ့ အစည်းများကို စီစစ်ရွေးချယ်ပြီး ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ချီးမြှင့်ထိုက်သူ များကို ဂုဏ်ပြုချီးမြှင့်ပေးခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ ဂုဏ်ပြုချီးမြှင့်ပေးခြင်းအားဖြင့် လူငယ်များအတုယူအားကျပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေမည် ဖြစ်ပါကြောင်း တိုက်တွန်းပြော ကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံ၊ ထောင်စုံ မှ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော မိုးညှင်းခရိုင်အတွင်းမှ လူပုဂ္ဂိုလ်များအတွက် စီမံ ခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(ဒုတိယအဆင့်)၊ လူမှုရေးဆိုင်ရာ ထူးချွန်ထူးချွန်ဆု(ဒုတိယအဆင့်)နှင့် စီးပွားရေးဆိုင်ရာထူးချွန်ဆု(ဒုတိယအဆင့်)ဆုရသူများအတွက် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူး ဆောင်ဆုပစ္စည်းများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှမျိုးတို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(တတိယအဆင့်)၊ လူမှုရေးဆိုင်ရာ ထူးချွန်ထူးချွန်ဆု(တ တိယအဆင့်)နှင့် စီးပွားရေးဆိုင်ရာထူးချွန်ဆု(တတိယအဆင့်)ဆုရသူများနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြရာ ဂုဏ်ထူးဆောင်ဆုရရှိသူများကိုယ်စား လူမှုရေး ဆိုင်ရာထူးချွန်ဆု(ဒုတိယအဆင့်)ဆုရရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက်  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးက ကျောင်းဝင်း အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် အလှူငွေကျပ် (၂၈)သိန်းလှူဒါန်းပေးခဲ့သည့် ပြည်နယ်ဝန်ကြီးချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ဖားကန့် မြို့နယ် ဆယ်ဇင်းကျေးရွာ မှ မီးဘေးသင့်ပြည်သူများများအတွက် ထောက်ပံ့ငွေကျပ်သိန်း (၅၀)နှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာ၌ မြေစာပုံဟောင်း ပြိုကျမှု ကြောင့် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူ (၂)ဦးနှင့် ဒဏ်ရာရရှိသူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၇ သိန်း ၅ သောင်းကို လည်းကောင်း ခရိုင်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်ခဲ့ကြကာ ဂုဏ်ထူးဆောင်ဆုရရှိသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းဝင်းအတွင်း ၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေကျပ်သန်း(၉၇၄.၄၉)ဖြင့် တည်ဆောက် လျက်ရှိသည့် RCC လေးထပ်၊ ၂၁၁ ပေ၊ ၇၀ ပေ ‌ကျောင်းသား/ ကျောင်းသူအိပ်ဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူတို့၏ လိုက်လံရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

           ယင်းနောက် ကံသာဦးအောက်ဆီဂျင်စက်ရုံသို့ သွားရောက်ပြီး အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုအခြေအနေများ၊ ကိုဗစ်ကာလအတွင်း ပြည်သူများအတွက် အောက်ဆီဂျင်ဖြန့်ဝေ ပေးနိုင်ခဲ့မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ  အဆိုပါ ဝင်းအတွင်း KTO ရေသန့် စက်ရုံတည်ထောင်၍ စက်ရုံလည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထိုမှတစ်ဆင့် ပုံညရှင်အပြည်ပြည်ဆိုင်ရာဝိပသနာကျောင်းတိုက်၌ ဆရာတော် ဒေါက်တာ က္ကစ္ဆာယန အားဖူးမျှော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကျောင်း တိုက်အတွင်းရှိ စာသင်သား ကလေးငယ်များ၏ ပညာရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် အလှူငွေကျပ်သိန်း ၅၀ နှင့် ဆန်အိတ် (၁၀)အိတ်ကို ပေးအပ်လှူဒါန်းခဲ့ကြပြီး မိုးညှင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနပိုင် မူလတန်းကြိုကျောင်း၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်တို့က မူကြိုကလေးငယ်များအတွက် အာဟာရဖြည့်စွက်စာ ပေါင်မုန့်၊ နွားနို့၊ ငှက်ပျောသီးတို့ဖြင့် ကုသိုလ်ပြုလှူဒါန်းကျွေးမွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်စွာထပ်မံကျွေးနိုင်ရေး အလှူငွေများကို လှူဒါန်းခဲ့ကြသည်။

          ထို့နောက် ဆရာတော်ဦးစန္ဒောနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီး သည့် မိုးညှင်းမြို့ ရန်ကင်းရပ်ကွက်နှင့် နောင်စွန်းတို့အား ဆက်သွယ်ထားသည့် နန့်ရင်းချောင်းကူး တံတားသစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပန်းကံ့ကော် ကွန်ပျူတာပန်းထိုးလုပ်ငန်းရုံအ တွင်း အဝတ်အထည်များကို ကွန်ပျူတာစနစ်ဖြင့် အလှဆင်ပန်းထိုးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဈေးကွက်အခြေအနေများနှင့် စက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင် နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပဲဆီစက်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့နယ် သမဝါယမအသင်းစုလီမိတက်ပိုင် ပဲဆီစက်ရုံ၌ ဆီစက်အငယ်စားဖြင့် လည်ပတ်ထုတ်လုပ်နေမှုကို လည်းကောင်း၊ နားခါရပ်ကွက်အတွင်းရှိ ဆန်းညွှန့်ဦးပရိဘောဂလုပ်ငန်း၌ ပရိဘောဂပစ္စည်းများကို ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ငေွစန္ဒာ ဆန်စက်၌ ဆန်စက် အကြီးစားဖြင့် ဒေသထွက်ဆန်များ ကြိတ်ခွဲသန့်စင်နေမှု အခြေအနေများကို လည်းကောင်း၊ ရွှေရှမ်း အဆင့်မြင့် ရေသန့်စက်ရုံ၌ ရေသန့်စက်ရုံ လည်ပတ်ထုတ်လုပ်နေမှုကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။