ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များမှ ကောက်ယူခဲ့သည့် စာရင်းများအား စိစစ်ခြင်းနှင့် ပြည်ထောင်စု Server သို့ ရိုက်သွင်းခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များမှ ကောက်ယူခဲ့သည့် စာရင်းများအား စိစစ်ခြင်းနှင့် ပြည်ထောင်စု Server သို့ ရိုက်သွင်းခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၀

          ကချင်ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များမှ ကောက်ယူခဲ့ သည့် စာရင်များအား စိစစ်ခြင်းနှင့် ပြည်ထောင်စု Server သို့ ရိုက်သွင်းခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်/ ခရိုင်/မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ခရိုင်/မြို့နယ်ကြီးကြပ် မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်းစာရင်းကောက်ယူရေးအဖွဲ့များ အနေဖြင့် ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကောက်ယူခဲ့ရာ e-ID အိမ်ထောင်စု (၃၁၄၃၃၉)စုအနက် (၂၅၄၄၂၀)စုအား ကောက်ယူနိုင်ခဲ့သဖြင့် ကောက်ယူမှုရာခိုင်နှုန်းအားဖြင့် (၈၀.၈၈)ရာနှုန်းဆောင် ရွက်နိုင်ခဲ့ပါကြောင်း ထို့အပြင် မသန်စွမ်း (၅)မျိုး လူဦးရေစာရင်းကိုပါ တစ်ပါတည်းကောက်ယူခဲ့ရာ အိမ်ထောင်စုပေါင်း (၅၀၀၀)ကျော်၊ လူဦးရေ (၈၀၀၀)ကျော်၏ စာရင်းကို ကောက်ယူနိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်ရှိသည့် စာရင်းများ ကောက်ယူပြီးစီးရေး တွေ့ကြုံရသည့် အခက်အခဲများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန်နှင့် နိုင်ငံတော်၏ အရေးကြီးသည့် လုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းကြရန် လို အပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ကော်မတီတွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များ၏ ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့် စာရင်းများ အား စိစစ်ခြင်းနှင့် ပြည်ထောင်စု Server သို့ ရိုက်သွင်းခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များအလိုက် မြေပြင် ကွင်းဆင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းပြီး ကွင်းဆင်းကောက်ယူခဲ့မှုအခြေအနေများနှင့် ကျန်ရှိ သည့် ရပ်ကွက်/ကျေးရွာများအလိုက် ဆက်လက်ကောက်ယူနိုင်ရေး လုံခြုံရေးရယူ၍ ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်၊ အခက်အခဲများကို အသီးသီးတင်ပြဆွေးနွေး ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် ညှိနှိုင်း ပေါင်းစပ်မှုများ ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရသည်။