ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်ကုသရေးဦးစီးဌာန၏ ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်)၊ စိစစ်ရေးမှူး-၄(ဆေးမှတ်တမ်း) သင်တန်းဆင်းပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအစည်းအဝေးသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်ကုသရေးဦးစီးဌာန၏ ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်)၊ စိစစ်ရေးမှူး-၄(ဆေးမှတ်တမ်း) သင်တန်းဆင်းပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၀

          ကချင်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ရရှိရေးအတွက် ပြည်နယ်ကုသရေးဦးစီးဌာနက ဦးဆောင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ဆေးဘက်ကျွမ်းကျင် – ၄ (ဓာတ်မှန်)၊ စိစစ်ရေးမှူး – ၄ (ဆေးမှတ်တမ်း)သင်တန်းသားများအား သင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၁၀ ရက် နံနက် ၈ နာရီ က မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ သင်တန်းဆင်းကြမည့် သင်တန်းသား/ သင်တန်းသူများကို ပြည်နယ်အတွင်းရှိ ပြည်သူလူထုများအား ကျန်းမာရေးစောင့် ရှောက်မှု လိုအပ်ချက်ရှိသည့် ခရိုင်/ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင် ရန် ခန့်အပ်လွှာများကို တစ်ပါတည်း အပ်နှင်းသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသား/သူများ အနေဖြင့် မိမိတို့ တတ်မြောက်ထားသည့်ပညာဖြင့် ဒေသတွင်း ပြည်သူလူထုကို အလုပ်အကျွေး ပြုရမှာဖြစ်သကဲ့သို့ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်၏ ဂုဏ်ကျေးဇူးကိုလည်း နိုင်ငံ့ဝန်ထမ်း ပီသစွာ သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ကျေးဇူးဆပ်ကြရန် လိုအပ်ပါကြောင်း တိုက် တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်က ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်)သင်တန်းသား/သူ ၄၀ ဦးတို့နှင့် စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) သင်တန်းသား ၁၅ ဦးတို့အတွက် သင်တန်းဆင်းလက်မှတ်များနှင့် တာဝန်ထမ်းဆောင်ရန် ခန့်အပ်လွှာ များကို ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ကွင်ဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် သန်း ၅၀ ဖြင့် ရင်းနှီးမတည်ပေးထားသည့် စူပါဝမ်း နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းသို့ သွားရောက်ပြီး နို့စားနွားများ မွေးမြူထားရှိမှုအခြေအနေနှင့် နွားနို့၊ ဒိန်ချဉ်၊ ထောပတ်စသည့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချ၍ စီးပွားရေးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကိုလည်းကောင်း၊ ဂျာမိုင် ကောင်းရပ်ကွက်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ခဲ့ရသည့် ရက်ကန်းလုပ်ငန်း များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သန်း ၁၀ မတည်ရင်းနှီးပေးမှုဖြင့် အစုအဖွဲ့ပိုင် ရက်ကန်းလုပ်ငန်းဖြစ်သည့် ခခူးရက်ကန်းရုံ၌ ရက်ကန်းရုံတိုးချဲ့ဆောင်ရွက်နေမှု၊ ထုတ်လုပ်နိုင်မှုနှင့် ရောင်းချနိုင်မှု အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာ၌ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သန်း ၁၀၀ ရင်းနှီးမတည်မှုဖြင့် သဘာဝမြေဩဇာထုတ်လုပ်ရေး လုပ် ငန်း ဆောင်ရွက်နေသည့် ဆွတ်ရှနန်စက်ရုံ၌ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ စပါးခွံများ၊ မုန့်ညှင်းကြိတ် ဖတ်များဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ကုန်ကြမ်းများ စုဆောင်ထားရှိမှု၊ ဈေးကွက် ရောင်းချနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ အကျိုးဖြစ်ထွန်းနေမှုအခြေအနေများကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး၊ သဘာဝမြေဩဇာဖြင့် သီးပင်စားပင်များ စမ်းသပ်စိုက်ပျိုးလျက်ရှိသည့် အခြေအနေ များကို လည်းကောင်း၊ အဆိုပါကျေးရွာအတွင်း  JAGA (ရွှေမြေစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သန်း ၅၀ ဖြင့် ပြည်နယ်အတွင်း ပထမဆုံးအဖြစ် စမ်းသပ်စိုက်ပျိုးထားသည့် ကြက်သွန်နီ ၃ ဧကကျော် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ရွှေပြည်သာရပ်ကွက် အားဆာကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် သန်း ၆၀ ဖြင့် တောင်သူအစုအဖွဲ့ဖြင့် ဒေသဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ နှင့် အဆိုပါရပ်ကွက်အတွင်း တောင်သူဦးအောင်သူလင်း၏ ဝက်မွေးမြူရေးခြံ၌ ဝက်ကောင်ရေ ၂၀၀ မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို ရင်းနှီးမတည်၍ ဆောင်ရွက်သည့် လုပ်ငန်းများကို ပြည်သူများ၏ လူမှုစီးပွားဘဝ အမှန်တကယ် အကျိုးရှိ ထိရောက်အောင်မြင်စေရေး သက်ဆိုင်ရာဌာနများမှ ကြပ် မတ်စစ်ဆေး၍ လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးကြရေးနှင့် လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကန်ပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းအကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ် အဆင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော် ရေးနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် MOA စာချုပ်ပါ အချက်များကို အသေးစိတ်ဆွေးနွေးဆောင်ရွက် သွားရန် လိုအပ်သကဲ့သို့ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် မြန်ဆန်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်း အကြံပြုဆွေးနွေးသွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် မြန်မာ – တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ထည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ကံပိုင်တည်စီးပွား ရေးနယ်မြေစီမံကိန်းဆိုင်ရာ နှစ်ဦးသဘောတူစာချုပ် MOA ပါအချက်များကို တစ်ချက်ချင်းအလိုက် ပြင်ဆင်အကြံပြုနိုင်ရေး စုစည်းတင်ပြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ များ၊ ပြည်နယ်ဝန်ကြီးများက MOA ပါ အချက်များအပေါ် တစ်ချက်ချင်းအလိုက် သက်ဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အကြံပြုဆွေးနွေးသုံးသပ်ချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဥပဒေလုပ်ထုံးလုပ် နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။