ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားဇုံနယ်နှစ်ခြင်းသာသနာ ကျမ်းစာကျောင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ၊ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားဇုံနယ်နှစ်ခြင်းသာသနာ ကျမ်းစာကျောင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ၊ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၁

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ)ရပ်ကွက်အတွင်းရှိ မြစ်ကြီးနားဇုံနယ်နှစ် ခြင်းသာသနာ ကျမ်းစာကျောင်းဝင်းအတွင်း ပတ်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို  မတ် ၁၁ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ က တက်ရောက် ဖွင့်လှစ်ပေးကြသည်။

          လမ်းသစ်ကို သိက္ခာတော်ရဆရာတော်များက ဆုတောင်းဆက်ကပ်ပေးခြင်း၊ ဓမ္မတေးသီချင်း များသီဆိုခြင်း၊ ကောင်းချီးပေးဆုတောင်းဆက်ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကတ္တရာလမ်း သစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ သိက္ခာတော်ရဆရာ လယော်ဒေါင်ဟောင်း၊ သိက္ခာတော်ရဆရာ ဒေါက်တာဆိုင်းခွမ်၊ ဒူဝါဒေါက်တာဘန်လွန်ဘွမ်ယွန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကတ္တရာ လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ မှ ကြီးမှူး၍ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် ဧရာဝတီမြစ်ဆိပ်၌ ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

          အဆိုပါအခမ်းအနားတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အပါအဝင် မြို့များအနေဖြင့် နှစ်စဉ် မိုးရာသီ တွင် ဧရာဝတီမြစ်ရေ၊ ချောင်းရေများ မြင့်တက်လာသဖြင့် ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပွားလေ့ ရှိပါကြောင်း၊ ယခုလို သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအားဖြင့် ရေဘေးအန္တရာယ်ကျရောက်လာ ပါက ခရိုင်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပြည်သူလူထုများအနေဖြင့် ကြိုတင်သတိပေးချက်များရယူကာ ရေဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းခြင်းနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို အချိတ်အဆက်မိမိဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ အသက်အိုးအိမ် ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းစေမည့်အပြင် လက်တွေ့ကျသည့် အသိပညာများရရှိကာ ကြိုတင် ပြင်ဆင်နိုင်မှု၊ ကြိုတင်ကာကွယ်မှုများ အားကောင်းစွာလုပ်ဆောင်လာနိုင်ခြင်း၊ ရေဘေးအန္တရာယ် ဖြစ်လာလျှင် ပြုလုပ်ရမည့်လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း လာစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်နယ်ဦးစီမှူးဒေါ်လှကေ သီမာက ရေဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင် ပြပြီး ရေဘေးအန္တရာယ်ကျရောက်ချိန်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဆပ်ကော်မတီအလိုက် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပေါင်းစပ်၍ ပြည်သူလူထုထံ သတင်းပြန်ကြားခြင်း၊ ဘေးသင့်ပြည်သူများအား ယာယီခိုလှုံရာကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်း ပေးခြင်း၊ ရေနစ်သူများအား ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ ရှေးဦးပြုစုပေးခြင်း၊ ဘေးသင့် စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းစသည့်ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုများကို လည့်လည်ကြည့်ရှု အားပေးခဲ့ကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၃ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် ပိုမိုတည်ငြိမ်အေးချမ်းစွာ၊ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရေး၊ နှစ်သစ်ကို မိမိတို့အားလုံး အတူတကွဆင်နွှဲပြီး ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံအောင် ကြိုးပမ်းအားထုတ်သွားရေး၊ မိမိတို့၏ ယဉ်ကျေးမှုကို မိမိတို့ကိုယ်တိုင် ပါဝင်ပြီး ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များကို လိုအပ်ချက်မရှိအောင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ မြန်မာတို့၏ ဂုဏ်သိက္ခာ၊ ကြီးမားသည့် အစဉ်အလာနှင့်အညီ မဟာသင်္ကြန်ပွဲတော်ကို ခမ်းခမ်းနားနား၊ စည်းကမ်း တကျဖြင့် ကျင်းပပြုလုပ်သွားနိုင်ရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဆောင်ရွက်ကြရေး တိုက်တွန်း မှာကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လေးက မဟာသင်္ကြန်ပွဲတော်ဖြစ် မြောက်ရေး၊ နှစ်သစ်ကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော် မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ခွဲဝေချထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်သွားရမည့်ကိစ္စရပ်များ၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပပြုလုပ်ရေးအတွက် လုပ်ငန်းကော်မတီ များအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။