ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ကိုယ်စားပြု ကဏ္ဍအလိုက် ထူးချွန်ဆုများရရှိအောင် စွမ်းဆောင်နိုင်သော ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်နှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်၊ ပြည်ထောင်စုလမ်းမကြီးအပါအဝင် မိန်းလမ်းမကြီးများ လမ်းဘေးဝဲ/ယာ အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ကိုယ်စားပြု ကဏ္ဍအလိုက် ထူးချွန်ဆုများရရှိအောင် စွမ်းဆောင်နိုင်သော ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်နှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်၊ ပြည်ထောင်စုလမ်းမကြီးအပါအဝင် မိန်းလမ်းမကြီးများ လမ်းဘေးဝဲ/ယာ အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၂၁

          ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ၊ ဘက်စုံမှ ပြည်နယ်ကိုယ်စားပြု၍ ကဏ္ဍ များအလိုက် ထူးချွန်ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အားကစားသများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍများကို တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဆုတံဆိပ်များကို ရရှိခဲ့ခြင်းသည် မိမိတို့၏ ကြိုးပမ်းမှုများ၏ အကျိုးရလာဒ်ပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ ကချင်ပြည်နယ်အတွက် ကဏ္ဍများအလိုက် ထူးချွန်ဆုများရရှိအောင် ကြိုးစားစွမ်းဆောင်ခဲ့သူများကို ပြည်နယ်ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်းနှင့် နောင်ကိုလည်း ယခုထက်ပို၍ ကြိုးစားစွမ်းဆောင်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြု ပြောကြားသည်။

          ထို့နောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုလုပ်ငန်းနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတို့မှ အသင်းဖွံ့ဖြိုးရေး အတွက် အများဆုံးစွမ်းဆောင်ရွက်နိုင်သည့် ဒုတိယဆုရရှိခဲ့သော ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ချောစုလှိုင်အား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က ကဏ္ဍပေါင်းစုံ ဆောင်ရွက်နိုင်သည့် ပထမဆုနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးစွမ်းဆောင် နိုင်သည့် စွမ်းဆောင်ရည်အကောင်းဆုံးဆုရရှိခဲ့သော မြစ်ကြီးနားမြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်နိုင်နိုင်မော် အားလည်းကောင်း၊ ကျေးလက်စီးပွားမြှင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ခြင်း၌ ဗန်းမော်မြို့နယ် မံရေးကျေးရွာ၊ အလင်းသစ်ကော်မတီမှ လုပ် ငန်းဆောင်ရွက်ရာတွင် ဌာန၏ ကြီးကြပ်ကွပ်ကဲမှု အားကောင်းခြင်း တတိယဆုရ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကိုယ်စား ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ၂၀၂၃ ခုနှစ် ထူးချွန် ကြက်ခြေနီအမျိုးသမီးအဖြစ် ရွေးချယ်ခြင်းခံရသော ဒေါ်ခိုင်မာဦး၊ ၂၀၂၃ ခုနှစ် မရမ်းကုန်းမြို့နယ်၊ MCC ခန်းမတွင် ကျင်းပပြုလုပ်လုပ်ခဲ့သည့် IKO Myanmar Karate ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၆)ခုနှင့် ငွေတံဆိပ်(၆)ခု ရရှိအောင် စွမ်းဆောင်နိုင်သော ပြည်နယ်ကျို့ရှင်းကရာတေး အသင်းမှကရာတေးကစားသများနှင့် ၂၀၂၃ ခုနှစ်၊အိုလံပစ်နေ့အထိမ်းအမှတ် မျိုးဆက်သစ်ကရာတေး လူရွေးချယ်ပြိုင်ပွဲသို့ ပြည်နယ်ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်ဆုနှင့်ကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့သော ကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသူများကိုယ်စား ပြည် နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၀ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စု အတွင်း၌ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(မြစ်ကြီးနား)တည်ဆောက်သွားမည့် မြေနေရာနှင့် ဌာနဆိုင်ရာများအတွက် လျာထားမြေနေရာများ သတ်မှတ်ထားသည့် နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံမြေနေရာ၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာနှင့် ဌာနဆိုင်ရာမြေနေရာများ လျာထား သတ်မှတ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း (၁.၄)ကီလိုမီတာအရှည် ဇခုန်လမ်းကျောက်ချောလမ်းနှင့် Box Culvert (၆)စင်း ဆောင်ရွက် သွားမည့် လမ်းနှင့် ၎င်းလျာထားမြေနေရာများသို့ ဝင်ရောက်သည့် အား/ကာသိပ္ပံကျောင်းအဝင်လမ်း (၁.၉)ကီလိုမီတာ လမ်းမတစ်လျှောက် ဘေးဝဲ/ယာများတွင် အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုးသွားနိုင် ရေးနှင့် အဆိုပါ ဧရိယာအတွင်း လမ်းများကို တစ်ဆက်တစ်စပ်တည်း တိုးချဲ့ခင်းကျင်းနိုင်ရေးကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်းမှ တစ်ဆင့် မော်ဖောင်းကျေးရွာအုပ်စုပိုင် တူးလိန်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးနိုင်မှု အခြေ အနေများ၊ စိုက်ဧကအားလုံး စိုက်ပျိုးနိုင်ရေးနှင့် စိုက်ကွင်းအတွင်း သီးထပ်စိုက်ပျိုးနိုင်ရေး တောင်သူ စည်းရုံးဆောင်ရွက်သွားရေး ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နန်ပေါင်လေယာဉ်ကွင်း ရှောင်လမ်းမှ တစ်ဆင့် ပြည်ထောင်စုလမ်းမကြီးသို့ သွားရောက်ကာ မြို့ဝင်လမ်းနှစ်ခုလုံး၏ လမ်း ဘေးဝဲ/ယာများတွင် အရိပ်ရနှစ်ရှည်သစ်ပင်ကြီးများ စိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း စစ်ဆေးပြီး စနစ်တကျတိုင်းထွာ၍ တင်ပြဆောင်ရွက်သွားရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။