ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ အောင်မြင်သာကျေးရွာအနီးရှိ Yup(ယွပ်) Family အပန်းဖြေစခန်းနှင့် Y Garden အပန်းဖြေစခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ အောင်မြင်သာကျေးရွာအနီးရှိ Yup(ယွပ်) Family အပန်းဖြေစခန်းနှင့် Y Garden အပန်းဖြေစခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၃

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ခရီးစဉ်ဒေသသစ်များနှင့် အပန်းဖြေစခန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနား မြို့နယ်အတွင်းရှိ အပန်းဖြေစခန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့နှင့် (၂၀)မိုင်ခန့်ကွာဝေးသည့် အောင်မြင်သာကျေးရွာအနီး ဧရာဝတီမြစ်ကမ်း ဘေးရှိ Yup(ယွပ်) Family အပန်းဖြေဥယျာဉ်သို့ သွားရောက်ပြီး အဆိုပါ အပန်းဖြေစခန်းအတွင်း ပြည်ထောင်စုနေ့ ရုံးပိတ်ရက်တွင် ပြည်သူများ လာရောက်အပန်းဖြေနေမှု အခြေအနေများနှင့် အပန်း ဖြေဥယျာဉ်အတွင်း ပန်းအလှပင်များ၊ အရိပ်ရအပင်ကြီးများနှင့် စပျစ်သီးပင်များ စိုက်ပျိုးထားရှိမှု၊ ဧရာဝတီမြစ်အတွင်း ကျောက်စိုင်၊ ကျောက်တုံးများဖြင့် လှပသည့် ရှုမျှော်ခင်းများကို ကြည့်ရှုစစ် ဆေးခဲ့ကြသည်။

          ထို့မှတစ်ဆင့် အဆိုပါ ကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိပိုင် Y Garden အပန်းဖြေ စခန်းသို့ သွားရောက်ပြီး အပန်းဖြေစခန်းအတွင်း လာရောက်အပန်းဖြေသူများအတွက် ရေကူးကန်၊ မြေယာရှုခင်းအလှပြုပြင်ဆောင်ရွက်ထားရှိမှု၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုနှင့် ရေလိုင်းအတု စီးဆင်းပျော်ပါးနိုင်သည့်နေရာနှင့် ရေပန်းဥယျာဉ်၊ ကလေးကစားကွင်းများဖြင့် အသစ်တိုးချဲ့ဆောင် ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။