ကချင်ပြည်နယ်ဝန်ကြီးချုပ်က ရွှေမိုးတောင်ဘုရားပရဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပြီး ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ရွှေမိုးတောင်ဘုရားပရဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပြီး ပြည်နယ်အတွင်းရှိ တောင်သူများအတွက်  ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၅

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ ရွှေမိုး တောင်ဘုရားပရဝုဏ်အတွင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်မီစွာဖြည့် ဆည်းပေးနိုင်ရေးတာဝန်ရှိသူများနှင့်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို စက်တင်ဘာ ၂၅ ရက် တွင် ဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနား ကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ပရဝုဏ်အတက်/အဆင်းလမ်း များရှိသစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ရှင်းလင်းကောက်ယူခြင်းလုပ်ငန်း များကို ဝိုင်းမော်မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီ ရေးအသင်းအဖွဲ့များနှင့်အတူ တစ်ပျော်တစ်ပါးစုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူမှုကူညီရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ဌာနဆိုင်ရာများနှင့် လူမှု ကူညီရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ပြည့်မီစွာဆောင်ရွက်နိုင်ရေးနှင့် ဓာတ်မြေသြဇာဈေးနှုန်းကြီးမြင့်လာမှုအပေါ်  တောင်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရေးတို့အတွက် လိုအပ်သည့် ဓာတ်မြေသြဇာကို ပြည့်မီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

          ညှိနှိုင်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပြည် နယ်ဦးစီးမှူးတို့က ပြည်နယ်အတွင်း စိုက်ပျိုးလျက်ရှိသည့် မိုးစပါး၊ နွေစပါး စိုက်ဧက ၅ သိန်းကျော် အတွက် ဓာတ်မြေသြဇာလိုအပ်ချက်ရှိသည့် အခြေအနေများ၊  တောင်သူများ ပြင်ပမှ ဈေးနှုန်းကြီး မြင့်စွာဝယ်ယူသုံးစွဲနေရမှုအခြေအနေများ၊ နိုင်ငံတော်မှ ထုတ်လုပ်သည့် ဓာတ်မြေသြဇာများကို ဖြန့်ဖြူပေးသွားမည့် အစီအစဉ်များ၊ နိုင်ငံတော်မှ သတ်မှတ်သင့်သည့် နှုန်းထားနှင့် ပြည်နယ်၏ ဓာတ်မြေသြဇာလိုအပ်ချက်ပေါ်အခြေခံ၍ ဝယ်ယူဖြန့်ဖြူးပေးနိုင်သည့် ပဏာမ သတ်မှတ်ရန်ကိစ္စ ရပ်များ၊ ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးမြေဧကများအတွက် နိုင်ငံ တော်မှ ဓာတ်မြေသြဇာအခမဲ့ ထောက်ပံ့ပေးနိုင်ရေးအတွက် စာရင်းကောက်ယူထားရှိမှုနှင့် ဓာတ် မြေသြဇာလိုအပ်ချက် ပြည့်မီစွာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာယူတင်သွင်းရန်ကိစ္စရပ်များ အပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ညှိနှိုင်းဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ဓာတ်မြေသြဇာလိုအပ် သည့်ပဏာမအပေါ် အခြေခံ၍ နိုင်ငံတော်မှ ထုတ်လုပ်သည့် ပုလဲဓာတ်မြေသြဇာများ မှာယူပြီး အနိမ့်ဆုံးဈေးဖြင့် တောင်သူများထံ ဖြန့်ဖြူးနိုင်ရေး၊ လိုအပ်သည့် ပဏာမအပေါ် တောင်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရေးအတွက် စနစ်တကျမှာယူ ဖြန့်ဖြူးပေးနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။