ကချင်ပြည်နယ်ဝန်ကြီးချုပ်က မိုးကောင်းမြို့နယ်အတွင်းရှိ ပြည်သူများအတွက် ပန်းခင်း စီမံချက် ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ ပေးအပ်ပြီး ကျေးရွာအုပ်စုများ အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က မိုးကောင်းမြို့နယ်အတွင်းရှိ ပြည်သူများအတွက် ပန်းခင်း စီမံချက် ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ ပေးအပ်ပြီး ကျေးရွာအုပ်စုများ အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     နိုဝင်ဘာ ၂၇

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မိုးကောင်းမြို့နယ်အတွင်းရှိ ပြည်သူများအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင် ရွက်ပြိးစီးသည့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ ပေးအပ်ပြီး ကျေးရွာအုပ်စုများအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုဝင်ဘာ ၂၆ ရက်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ကိုဗစ်-၁၉ နယ်လှည့်အခမဲ့စစ်ဆေးကုသပေးရေးအဖွဲ့နှင့်အတူ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးကောင်းမြို့ မြို့တော်ခန်းမ၌ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး စီးခဲ့သည့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် က ပန်းခင်းစီမံချင်ဖြင့် မိုးကောင်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေ အရနိုင်ငံသားအားလုံးကို နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိကိုင်ဆောင်နိုင်ရေး ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိရာ ကတ်ပြားပေါင်း ၁၆၈၀ ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် အချင်းချင်း ချိတ်ဆက်သတင်းပေး၍ ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပန်းခင်းစီမံချက်ဆိုင်ရာလုပ်ငန်း များနှင့် စီမံချက်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ပူးပေါင်းပါဝင်ကြရန် ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့နယ်အတွင်း ပန်းခင်း စီမံချက်ဖြင့် အောက်တိုဘာအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ၃၀၀ ကို ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက ၈၀၀၀၀ ကျော် အထွက်တိုးပွားရေး၊ စိုက်ပျိုးရေလုံလောက်မှုရှိစေရေးနှင့် တောင်သူများ၏ လိုအပ်ချက်များ ဖြည့် ဆည်းပေးနိုင်ရေး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဦးစီး ဌာနတို့မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင်လည်း ပေါ့ဆမှုမရှိဘဲ ဆက်လက်ပူးပေါင်းပါဝင်ကြရေး တိုက်တွန်းမှာကြား ခဲ့ကာ ကချင်နှင့်ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ထောက် ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း ရှိလူမှုပရဟိတစေတနာ့ဝန်ထမ်းများနှင့်တွေ့ဆုံပြီး အားပေးဂုဏ်ပြုစကားပြောကြားကာ စေတနာ့ ဝန်ထမ်းများအတွက် စက်သုံးဆီကုန်ကျစရိတ်၊ နေ့လည်စာ Lunch Box နှင့် ပိုးတွေ့လူနာ များအတွက် နေ့လည်စာနှင့် ကုန်ကျစရိတ်များအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၆၅၀၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ထောက် ပံ့ငွေကျပ် ၅ သိန်း၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့တို့အတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းစီ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် မြို့နယ်ပြည်သူဆေးရုံသို့ သွားရောက်ပြီး ကုသရေးလုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများ၊ ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားကာ ဆေးရုံအတွင်းတာဝန်ထမ်းဆောင်နေကြသည့်ဆရာဝန်သူနာပြုများအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဆေးရုံအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးနှင့် ကာ ကွယ်ဆေးထိုးလုပ်ငန်းကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင်များ၏ သံသယလူနာများအား ကိုဗစ်-၁၉ စစ်ဆေးဆောင်ရွက်ပေးနေမှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများအား အားပေးစကား ပြောကြားခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ကိုဗစ် -၁၉ ရောဂါစစ်ဆေးရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် အတူ ပင်းဘောဒေသစိတ် အတွင်း ကျေးရွာအုပ်စုပေါင်း ၁၀ ခု၊ ကျေးရွာပေါင်း ၂၁ ရွာအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်းနှင့် ကာ ကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ပင်းဘောကျေးရွာ အထက(ပင်း ဘော)ကျောင်း ပုလဲငွေရောင်ခန်းမ၌ ဒေသခံများ၊ လူမှုပရဟိတအသင်းများ၊ စေတနာ့ဝန်ထမ်းများ နှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးဖြစ်ပွားမှုအခြေအနေ များနှင့် ကျေးရွာများတွင် ဖြစ်ပွားလျက်ရှိသည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဒေသခံအားလုံးနှင့် လူမှုပရဟိအဖွဲ့များ ဆက်လက် ပူးပေါင်းပါဝင်ရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပင်းဘောဒေသစိတ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ကိုဗစ်တတိယလှိုင်းအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လူမှုပရဟိတအသင်းအဖွဲ့ များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် ၆ သိန်း၊ ပင်းဘော တိုက်နယ်ဆေးရုံ ဆရာဝန်နှင့် သူနာပြုများအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်း၊ အထက (ပင်းဘော)ဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ခွဲ၊ စေတနာ့ဝန်ထမ်းများနှင့် ကချင်နှင့်ရှမ်းတိုင်း ရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၁၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျေးရွာလူထု၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အလားတူ နန်းခွင်ကျေးရွာ ဘက်စုံသုံးခန်းမဆောင်၌ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် ကာကွယ်ရေးသုံးပစ္စည်းများနှင့် ကျေးရွာဘက်စုံသုံးခန်းမဆောင် မျက်နှာကျက် တပ်ဆင် နိုင်ရေး မတည်ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၏ ကိုဗစ် -၁၉ ရောဂါစစ်ဆေးရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း ကွင်းဆင်းကြီးကြပ် ရေးအဖွဲ့ဝင်များ၏ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက် နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မိုးညှင်းခရိုင်အတွင်း ဆက်လက်လုပ်ဆောင်သွားမည့် ကိုဗစ်-၁၉ စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးကြီးကြပ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေ များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။