ကချင်ပြည်နယ်အဆင့် ပန်းခင်း စီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် စိန့်ဂျိုးဇက်IDPs စခန်းမှ အိမ်ထောင်စု (၃၃)စုတို့အား ဆွတ်ကြိုင်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့မှုများ ဆောင်ရွက်

 ကချင်ပြည်နယ်အဆင့် ပန်းခင်း စီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် စိန့်ဂျိုးဇက်IDPs စခန်းမှ အိမ်ထောင်စု (၃၃)စုတို့အား ဆွတ်ကြိုင်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့မှုများ ဆောင်ရွက်

မြစ်ကြီးနား     နိုဝင်ဘာ ၂၅

          ကချင်ပြည်နယ်အဆင့် ပန်းခင်း စီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မ တီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝိုင်းမော်မြို့နယ်အတွင်း စိန့်ဂျိုးဇက် IDPs စခန်းမှ အိမ် ထောင်စု (၃၃)စုတို့အား ဆွတ်ကြိုင်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့မှုများ ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၅ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ က ဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ နံနက် (၉)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ပန်း ခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ဦးစီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပန်းခင်းစီမံချက်ဖြင့် မြန်မာနိုင်ငံသား တိုင်းရင်းသားနှင့် ဥပဒေအရနိုင်ငံသားအားလုံးကို နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက် ပေးခဲ့ရာ ကတ်ပြားပေါင်း (၃၄၂၀၇)ကတ် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဆောင်ရွက်ပေးရမည့် ဦးရေနှင့် နှိုင်းယှဉ်ပါက ၁၆.၉၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ ယခုအခါ မြို့ပေါ်ရပ်ကွက်များတွင် စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ် ၁၂ မြို့နယ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန် မြို့နယ်များတွင်လည်း မကြာခင်ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်သည့်အတွက် မြို့ပေါ်ရပ်ကွက်များ ပြီးစီးပါက မီးရထား/ ကားလမ်းမ တစ်လျှောက်ရှိ ကျေးရွာအုပ်စု၊ ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကွင်းဆင်းဆောင်ရွက်ကြမည့် အဖွဲ့များအနေဖြင့် လုံခြုံ ရေးနှင့် ကိုဗစ်-၁၉ ရောဂါကို အထူးဂရုပြု လုပ်ကိုင်ဆောင်ရွက်ကြရေးနှင့် သက်ဆိုင်ရာရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကလည်း ထိထိရောက်ရောက် ပူးပေါင်း ပါဝင်စေပြီး မိမိတို့ ရပ်ရွာတွင်ရှိသည့် ပြည်သူလူထု မဲပေးချိန်တွင် အဆင်သင့် မဲပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပန်းခင်းစီမံချက်ဖြင့် ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ မြို့နယ် (၁၈)မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများ၊ စီမံချက်လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အဖွဲ့အစည်းအသီး သီးနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခဲ့မှုများနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ပူးပေါင်းညှိနှိုင်းဆောင် ရွက်ပေးရမည့် ကိစ္စရပ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ စီမံချက်အကောင်ဖော်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များအပေါ် ရှင်း လင်းဆွေးနွေးကြခဲ့သည်။

          ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်သည် နိုင်ငံတော်စီမံချက် ဖြစ်သည့်အပြင် စီမံချက်အောင်မြင်ရေး နိုင်ငံတော်အကြီးအကဲ၏ အကြိမ်ကြိမ်လမ်းညွှန်မှာကြား ချက်များအပေါ် အလေးအနက်ထား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ မိုင်းနားစိန်ဂျိုးဇက် RC IDPs စခန်းမှ အိမ်ထောင်စု (၃၃)စုတို့အား ဆွတ်ကြိုင်နယ် မြေ (မိုင်းနားကျွန်းတော)ကွက်သစ်သို့ ပြောင်းရွှေ့နေရာချထားပေးသည့် အခမ်းအနားသို့ တက် ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ကတ်သလစ်ဘုန်းတော်ကြီးလဆိုင်းတို့က အိမ်ထောင်စုများ ပြောင်းရွှေ့နေရာချထားပေးသည့် ဆွတ်ကြိုင်ကွက်သစ် အဝင်မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။

          ယင်းနောက် အိမ်ထောင်စုများ ပြောင်းရွှေ့နေရာချထားပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် နေရပ်စွန့်ခွာပြည် သူများသိက္ခာရှိစွာ နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ ပြောင်းရွှေ့နေရာချထားရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းစဉ်များကိုအလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြန်လည်ထူထောင် ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း စဉ်ဆက်မပြတ်ပံ့ပိုးပေးနိုင်ရေး ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရွှေ့ပြောင်းနေထိုင်သည့်အိမ်ထောင် စု(၃၃)စုတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၁၀ သိန်းအပါအဝင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ငွေကျပ် ၈၅၃၂၀၀၀ တန်ဖိုးရှိ စားနပ်ရိက္ခာ (၁)လစာဆန် အိတ် ၆၀ ကျော်၊ ဆီနှင့်ကုလား ပဲ ၆၆ ပိဿာစီ၊ ဆား ၃၃ ပိဿာနှင့် ပြောင်းရွှေ့စရိတ် (၁)အိမ် ထောင်လျှင် ငွေကျပ် ၁ သိန်းနှုန်း ဖြင့် စုစုပေါင်း ၃၃ သိန်း၊ (၂၁)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး ၃၃ ပုံးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ငွေကျပ် ၃၀၃၆၀၀၀ တန်ဖိုးရှိ တာပေါ်လင် ၃၃ ချပ်၊ Hygienekit နှင့် Shatter Tookit (၃၃) ပုံးစီတို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှ ကေသီမာက ဝန်ကြီးဌာနမှ နေရပ်စွန့်ခွာပြည်သူများအတွက် ပြောင်းရွှေ့နေရာချထားရေး၊ ပြန် လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးနေမှုများကို လည်းကောင်း၊ ကတ်သလစ်အသင်းတော် မြစ်ကြီးနားဆရာတော် တပိုင်နယ်တာဝန်ခံ ဘုန်းတော်ကြီး ဂေါ့လိုယုံဝါ က ပြောင်းရွှေ့ပြည်သူများ အား ခွန်အားပေးခြင်းဖြင့် လည်းကောင်း၊ ပြောင်းရွှေ့ပြည်သူများကိုယ်စား ဦးလဇာနော်အောင် က ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

          ယင်းနောက် ဆွတ်ကြိုင်ကွက်သစ်ပြောင်းရွှေ့နေထိုင်မှုအတွက် ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုကျူးဧခြင်း၊ ကျမ်းစာဖတ်ခွန်အားပေးခြင်း၊ ဓမ္မဒေသနာတော်ဟောကြား ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။