ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဒီဇင်ဘာ ၃၀

          ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အဆင့် ပန်းခင်း စီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးစီး ကော်မတီ  ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်က နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်အတွင်း ဥပဒေအရ နိုင်ငံသား များအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက်ကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ၃၆ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ် ပါကြောင်း၊ စီမံချက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးရေးအတွက် အသင်း အဖွဲ့အသီးသီးနှင့် ချိတ်ဆက်မှု ပိုမိုအားကောင်းအောင် ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

          ယင်းနောက် ပြည်နယ်အဆင့်ဦးစီးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေး နိုင်ခဲ့သော လူဦးရေ ၇၂၉၈၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၃၆.၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအ နေများ၊ မြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက်နေမှု၊ ကျေးလက်ဒေသများသို့ ဆက်လက်ကွင်း ဆင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် Data Base တည်ဆောက်မှုဆိုင်ရာလုပ်ငန်းများ၊ လိုအပ်ချက်များနှင့် ‌ရှေ့လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ဆက်စပ်ထုတ်နှုတ် ဆောင်ရွက်နေမှုများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ဦးစီးကော်မတီ အဖွဲ့ဝင်များက စီမံချက်လုပ်ငန်းများ အောင်မြင်ရေး ‌ပူးပေါင်းဆောင်ရွက်သွားရမည့် အပိုင်းများ အပေါ် သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်း စီမံချက်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အချင်းချင်း ပူးပေါင်းချိတ်ဆက်‌ဆောင်ရွက်သွားရေးနှင့် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နေရပ် စွန့်ခွာစခန်းနေပြည်သူများ ပြန်လည်နေရာချထားရေးနှင့် စခန်းများပိတ်သိမ်းရေးအတွက် မူဝါဒ လုပ်ငန်းစဉ်များနှင့်အညီ ပေါင်းစပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် နေရပ်စွန့်ခွာသူ များ ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ တွင် မူဝါဒနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် နေရပ်စွန့်ခွာစခန်းများ ပိတ်သိမ်း ရေးအတွက် မန်စီမြို့နယ်အတွင်းရှိ မူလနေရပ်ကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ငွေပျော်စံပြကျေးရွာတွင် ကျေးလက်အိမ်ယာအလုံး ၂၀ အသစ်ထပ်တိုးဆောက်လုပ် ရေးနှင့် နေအိမ်များ ပြုပြင်မွမ်းမံရန်ကိစ္စရပ်များ၊ ချီဖွေမြို့နယ်အတွင်းရှိ IDPs စခန်းနေ မိသားစုများ မူလနေထိုင်ရာရပ်ကွက်သို့ ပြန်လည်ရွှေ့ပြောင်းရေးဆိုင်ရာကိစ္စရပ်များ အပါအဝင် ပြည်နယ်အ တွင်းရှိ IDPs စခန်းများတွင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှုအခြေအနေများ၊  ဘာသာ‌ရေး အဖွဲ့အစည်းများ ဆောင်ရွက်လျက်ရှိသည့် ပြန်လည်နေရာချထားရေး၊ နေရပ်ပြန်ရေးနှင့် စခန်း ပိတ်သိမ်းရေးဆိုင်ရာကိစ္စရပ်များကို  ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် နေရပ်ပြန်ရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို စီမံဆောင်ရွက်သွားရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။