ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေးချီးမြှင့်

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     သြဂုတ် ၅

          ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် တက်ရောက်အား ပေးချီးမြှင့်ခဲ့သည်။

          မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပြည်နယ်ဝန်ကြီးက ကျောင်းသူ/ကျောင်းသားများအား ယနေ့ မှစ၍ နည်းပညာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူအသစ်များအနေဖြင့် အင်ဂျင်နီယာပညာရပ် ဖြင့် ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်စေလိုကြောင်း ၊ ထို့ကြောင့် မိမိတို့ သင်ကြားလျက်ရှိသည့် အင်ဂျင်နီယာပညာရပ်ကို အပတ်တကုပ်ကြိုးစားသင်ယူပြီး ထူးချွန်ထက်မြက်သော အင်ဂျင်နီယာကောင်းများ ဖြစ်‌လာအောင် ကြိုးစားကြရန်လိုကြောင်း တိုက် တွန်းအားပေးပြောကြားသည်။

          ထို့နောက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းစာကို ကြိုးစားသင်ယူပြီး စည်းကမ်းလိုက်နာရေး ရှင်းလင်းပြောကြားကာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ဝိုင်းဝန်းကူညီ ခဲ့ကြသည့် ပြည်နယ်ဝန်ကြီးနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

          ယင်းနောက် စီနီယာကျောင်းသား/ကျောင်းသူကြိုဆိုနှုတ်ဆက်စကားပြောကြားကြပြီး ပထမ နှစ်ကျောင်းသား/ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြကာ ပြည်နယ် ဝန်ကြီး၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက မောင်မယ်သစ်လွင် ပထမနှစ် ကျောင်းသား/ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများဖျော်ဖြေ တင်ဆက်မှုနှင့် King & Queen ရွေးချယ်ခြင်းများကို အားပေးကြည့်ရှုခဲ့ကြသည်။