ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေး၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေး၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

မြစ်ကြီးနား     မတ် ၁၆

          ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ကွန်ပျူတာသိပ္ပံ နှင့်နည်းပညာဘာသာရပ်များအတွက် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုလျက်ရှိရာ  စာမေးပွဲဖြေဆိုနေမှုများအား မတ် ၁၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေး ရာဝန်ကြီး ဦးတိန့်ဆောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော် နိုင်ဦးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့သို့ စာမေးပွဲဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က သင်တန်းနှစ် အလိုက်ကွန်ပျူတာသိပ္ပံနှင်နည်းပညာ ဘာသာရပ်များတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ် နှစ်ဝက်စာမေးပွဲများကို ဖြေဆိုခွင့်ရရှိသူဦးရေ ကျား/မပေါင်း ၁၇၈ ဦးရှိသည့်အနက် ဖြေဆိုသူ ၁၇၄ ဦးဝင်ရောက်ဖြေဆိုနေမှုနှင့် စပ်လျဉ်း၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းနိုင်စိုးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့သည် ကွန်ပျူတာ တက္ကသိုလ်(မြစ်ကြီးနား)၌ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာမများ၊ အစိုးရနည်း ပညာအထက်တန်းကျောင်း(မြစ်ကြီးနား)မှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးက အမှာ စကားပြောကြားကာ အမြဲတန်းအတွင်းဝန်က သုတေသနနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာ စီမံကိန်းအရ စွမ်းရည်ပြည့်ဝသည့် အသိပညာရှင်၊  အတတ်ပညာရှင် ကျောင်းသား/ကျောင်းသူ များကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရေးနှင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များအား အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသော ဆရာ၊ ဆရာမများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန် တို့က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။