ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပ‌ရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသော စည်ပင်သာယာရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပ‌ရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသော စည်ပင်သာယာရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၅

          ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားအား သန့်ရှင်းသာယာလှပပြီး ခေတ်မီစနစ်ကျသော မြို့ဖြစ်လာစေရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ထောက်ပံ့ ရန်ပုံငွေဖြင့်မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်သည် ဇူလိုင်လ ၁၄ ရက် ညနေ ၃နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြို့တွင်းရေစီးရေလာကောင်းမွန်‌စေရေးအတွက် စီတာပူရပ်ကွက် မုန်ကျိန် နယ်မြေ၊ တက္ကသိုလ်လမ်းမကြီးဘေးတွင် မြေသားရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ကွန်ကရစ်တံတား (၁)စင်း၊ ကွန်ကရစ်ရေပြွန်(၁)စင်း၊ ကျောက်စီရေမြောင်း(၁)ခု တည်‌ဆောက်နေမှုနှင့် စီတာပူ အ.ထ.က အနောက်ဘက်လမ်းအား သဲကျောက်ဖို့ကာ လမ်းသားမြှင့်တင်၍ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါရပ်ကွက်ရှိ မနောကွင်းမြောက်ဘက် ခြမ်း မုခ်ဦးရှေ့ မန်ခိန်-ရွှေစက် လမ်းဘေးတွင် ကျောက်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မြေမြင့်ရပ်ကွက် လမ်းသွယ်(၁၁) အား ကွန်ကရစ်လမ်းပခုံးအပါ သဲကျောက်ဖြင့် လမ်းသားမြှင့်တင်၍ ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ယုဇနရပ်ကွက်နှင့်မြေမြင့်ရပ်ကွက်ကြားရှိ စွယ်တော်လမ်း အား သဲကျောက်အမာခံခင်း၍ ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက ဆောင်ရွက်လျှက်ရှိ‌သော စည်ပင်သာယာရေးလုပ်ငန်း များအား အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရေးနှင့် သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မှီပြီးစီး‌အောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာြကားခဲ့ကြောင်းသိရသည်။