ကချင်ပြည်နယ်အစိုးရအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက် ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်အစိုးရအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက် ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား    သြဂုတ် ၂၂

          ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် စုစုပေါင်း ရွှေတံဆိပ် (၁၁)ခု၊ ငွေတံဆိပ် (၇)ခုနှင့် ကြေးတံဆိပ် (၂)ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်း တံခွန်စိုက်ဆုဖလားများအပြင် အမျိုးသမီး/ အမျိုးသား အကောင်းဆုံးဆုများကိုပါ ရယူခဲ့ကြသော အောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၁ ရက် ညနေ ၅ နာရီခွဲက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အနေဖြင့် မရသေး သည့် အောင်မြင်မှုများကို ရရှိအောင်ကြိုးစားခြင်းထက် ရပြီးသားအောင်မြင်မှုများကို ထိန်းသိမ်းရခြင်း သည် ပိုမိုခက်ခဲ့သဖြင့် စံချိန်တင်ဆုတံဆိပ်များရယူ ဂုဏ်ဆောင်ထားသည့် ပြည်နယ်ဂျူဒိုအသင်းနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအနေဖြင့်လည်း ဆက်လက်ထိန်းသိမ်းနိုင်ရေး ကြိုးစား သွားကြရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အားကစားအဆင့်အတန်း တိုးတက် မြင်မားရေးအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ထို့အပြင် အောင်မြင်မှု အပေါ်မူတည်ပြီး ထိုက်တန်သည့် ဂုဏ်ပြုချီးမြှင့်မှုများကို ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ် ကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် တံခွန်စိုက်ဆုရရှိခဲ့သော ဂျူဒိုအားကစားသမားများကိုယ်စား နည်းပြဦးသာပွားက ပြိုင်ပွဲအတွေ့အကြုံများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြ သည်။

          ယင်းနောက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားတံခွန် စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရ ကချင်ပြည်နယ်ဂျူဒိုအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၂၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်က ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၉၄၅၀၀၀၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး က ရွှေတံဆိပ် (၂)ခုနှင့် ငွေတံဆိပ် (၁)တို့ဖြင့် အမျိုးသားအကောင်းဆုံးဆုရ  မောင်ဖြိုးသက်ဇော်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက ရွှေတံဆိပ်(၃)ခုဖြင့် အမျိုးသမီးအကောင်းဆုံးဆုရ မတင်ဇာမြင့်အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂)သိန်း၊ ဂုဏ်ပြုမှတ်တမ်း လွှာနှင့် တံခွန်စိုက်ဆုဖလားရ အမျိုးသမီးအသင်းအတွက် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီမှ ချီးမြှင့်ငွေကျပ် ၈၄၀၀၀၀ ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်၍ တက်ရောက်လာသူများက ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြပြီး နိုင်ငံကျော်တေးသံရှင်နှင့် ဒေသခံအဆိုရှင်များ၏ သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ အောင်ပွဲရ ကချင်ပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်းအနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် အမျိုးသားအသင်းအလိုက်ပြိုင်ပွဲတွင် ရွှေ ၄ ခု၊ ငွေ ၅ ခုဖြင့် အမျိုးသား တံခွန်စိုက်ဆုဖလားကို လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ရွှေ ၇ ခု၊ ငွေ ၂ ခု၊ ကြေး ၂ ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ စုစုပေါင်း ရွှေ ၁၁ ခု၊ ငွေ ၇ ခု၊ ကြေး ၂ ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို လည်းကောင်း စုစုပေါင်းတံခွန်စိုက်ဆုဖလား ၃ ခုလုံးကို ရယူခဲ့သည့် အပြင် အမျိုးသား/ အမျိုးသမီး အကောင်းဆုံးကစားသမားဆုများကိုလည်း ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားနည်းအလိုက် ပြိုင်ပွဲများတွင် ကချင်ပြည်နယ်၏ အောင်မြင်မှု အကောင်းဆုံး ကစားနည်းဖြစ်ကြောင်း သိရှိရသည်။