ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ ကျင်းပပြုလုပ်

 ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၆

          ခရစ်ယာန်ဘာသာဝင်များ၏ ခရစ်တော်မွေးနေ့ အချိန်အခါဖြစ်သည့် ဒီဇင်ဘာလတွင် ကချင် ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ဘုရားကျောင်းများ၌ ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ရာ  ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လည်း ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ခရစ္စမတ်ပွဲတော် လာရောက်သူများအား ပြည်နယ်အစိုးရအဖွဲ့မှ ခရစ္စမတ်လက် ဆောင်များ ဝေငှပေးအပ်ခဲ့ကြပြီး၊ သံစုံတီးဝိုင်း၊ အကအဖွဲ့တို့ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြကာ ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ခရစ္စမတ်၏ အနှစ်သာရ အနေဖြင့် လူသားတိုင်းအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မျှဝေပြသပေးရန် ယေရှုခရစ်တော် ကိုယ်တိုင် လူ့ဇာတိကို ခံယူခဲ့ခြင်းဖြစ်သည့်အတွက် ခရစ္စမတ်ကာလမှာ တစ်ဦးနှင့်တစ်ဦး ချစ်ခြင်း မေတ္တာနှင့် ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်းကို ပြသရမည်ဖြစ်ပါကြောင်း၊ ယနေ့ ခရစ်တော်မွေးနေ့ ကာလမှာ ယခုလို မိမိတို့အစိုးရအဖွဲ့၏ မိသားစုဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာများနှင့်အတူ ခရစ္စမတ်ပွဲတော် ကျင်းပပြုလုပ်ခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။

          ယင်းနောက် ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ကျေးဇူးတော်ချီးမွမ်းခြင်း ဝတ်ပြုဆုတောင်း အစီ အစဉ်ကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြရာ သိက္ခာတောာ်ရဆရာတိန်ခန်ဖုန်ဗေးက ဝတ်ပြုကိုးကွယ် ခြင်းအစီအစဉ်အတွက် အဖွင့်ဆုတောင်းဆက်ကပ်ပေးပြီး ဂုဏ်တော်သီချင်းများ သီဆိုခြင်း၊ သိက္ခာ တော်ရမဒီန်ဇုန်းကျန်းက ကောင်းချီးတောင်းခံဆုတောင်း ဆက်ကပ်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ဝန်ထမ်းများက ခရစ္စမတ်သံစုံနှင့်ဓမ္မသံချပ်တို့ဖြင့် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဘုန်း‌တော်ကြီး သန်းလွင်က ဓမ္မဒေသနာတော်ဟောကြားခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက တက်ရောက်လာကြသည့် ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် သိက္ခာတော်ဆရာတော်များအတွက် ခရစ္စမတ်လက်ဆောင်များနှင့် အလှူငွေ များကို ဆက်ကပ်လှူဒါန်းပြီး ခရစ္စမတ်ပွဲတော်တွင် ပူးပေါင်းပါဝင်ကြသည့် ဝန်ပေါင်ဘင်ခရာတီးဝိုင်း အဖွဲ့နှင့် သီတာနှစ်ခြင်းအသင်းတော် လူငယ်သံစုံအဖွဲ့တို့အား လက်ဆောင်များ ပေးအပ်ခဲ့သည်။

          ယင်းနောက် ဓမ္မတေးသီချင်းဖြင့် သီဆိုဆက်ကပ်ခဲ့ကြကာ ကတ်သလစ်အသင်းတော် ဖာသာ ဒေါက်တာယုံဝါက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ပေးပြီး ခရစ္စမတ်နေ့လည်စာကို ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် အတူတကွ တစ်ပျော်တစ်ပါး သုံးဆောင်ခဲ့ကြရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမှုထမ်းများက ခရစ္စမတ်တေးသီချင်း အက အလှများ၊ ရိုးရာအကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။