ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာပေါင်း ၁၄၄ ရွာတွင် စတင်ရင်းနှီးမတည်ဆောင်ရွက်နိုင်ရေးနှင့် ကျန်လုပ်ငန်းများအတွက် ညွှန်ကြားချက်၊ မူဘောင်များနှင့်အညီ ဆက်လက်အကောင် အထည်ဖော်‌ဆောင်ရွက်သွားမည်

 ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာပေါင်း ၁၄၄ ရွာတွင် စတင်ရင်းနှီးမတည်ဆောင်ရွက်နိုင်ရေးနှင့် ကျန်လုပ်ငန်းများအတွက် ညွှန်ကြားချက်၊ မူဘောင်များနှင့်အညီ ဆက်လက်အကောင် အထည်ဖော်‌ဆောင်ရွက်သွားမည်

မြစ်ကြီးနား     အောက်တိုဘာ ၇

          ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ငါးလုပ်ငန်းနှင့်သမဝါယမလုပ်ငန်းများအတွက် ရန်ပုံငွေကျပ်သန်း ၇၀၀၀ ကျော်ကို ကျေးရွာပေါင်း ၁၄၄ ရွာတွင် စတင်ရင်းနှီးမတည်လွှဲအပ်ဆောင်ရွက်နိုင်ရေးနှင့် ကျန်လုပ်ငန်းများအတွက် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ မူဘောင်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုကြောင်း အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။

          ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကချင်ပြည် နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမ ဝါယမလုပ်ငန်းဆောင်ရွက်သောကျေးရွာပေါင်း ၁၄၄ ရွာတွင် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းလမ်းညွှန် ချက်များနှင့်အညီ ရန်ပုံငွေများကို ပြည်သူများ လက်ဝယ်စနစ်တကျ လွှဲပြောင်းအပ်နှံ၍ စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာအလိုက် ကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီးစီးမှု၊ ငွေစာရင်းထိန်း သိမ်းမှုသင်တန်းဖွင့်လှစ်ခြင်းနှင့် ချေးငွေလျှောက်လွှာများကို စိစစ်ရွေးချယ်ပြီး ချေးငွေအောင်စာရင်းများ ကို ပွင့်လင်းမြင်သာစွာဖြင့် ကြေညာဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ရန်ပုံငွေရင်းနှီးမတည်နိုင်ရေး ဘဏ္ဍာ‌ရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းဖွင့်လှစ် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သမဝါယမအသင်းစု စက်မှုလက်မှုကုန်ထုတ် လုပ်ငန်းများ၊ ဆက်လက်ရင်းနှီးမတည်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပြည်နယ်အတွင်းစိုက်ပျိုး ရေးလုပ်ငန်းဆောင်ရွက်မည့်ကျေးရွာ ၈၉ ရွာ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၁၅ ရွာ၊ သမဝါယမလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၃၅ ရွာနှင့် ထုတ်လုပ်မှုလုပ်ငန်းများ၊ ငါးလုပ်ငန်းဆောင်ရွက် မည့်ကျေးရွာ ၅ ရွာ စုစုပေါင်းကျေးရွာ ၁၄၄ ရွာတို့တွင် ကျေးရွာအဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းပြီး ရန်ပုံငွေလွှဲအပ်နိုင်ရေး ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းများကို ဖွင့်လှစ်ပေးထားပြီးဖြစ် ကြောင်း သိရှိရသည်။