နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေဆိပ်ပန်းခြံဥယျာဉ်ဖွင့်လှစ်

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေဆိပ်ပန်းခြံဥယျာဉ်ဖွင့်လှစ်

မြစ်ကြီးနား     ဇန်နဝါရီ ၈

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့ အခမ်းအနား ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။

          ထို့သို့ နန်ပေါင်လေဆိပ်သို့ ရောက်ရှိလာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့်    ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့နှင့် အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးညွန့်ဖေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးဇော်အေးမောင် တို့အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကို မောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့က  ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကအဖွဲ့များက အကအလှများဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လေဆိပ်ဝင်းအတွင်း လေဆိပ်အဆောက်အအုံပတ်ဝန်းကျင်ရှိ လေဆိပ်ပန်း ဥယျာဉ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          ‌ရှေးဦးစွာ လေဆိပ်ပန်းဥယျာဉ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး လေဆိပ်ဆိုင်းဘုတ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က လေဆိပ်ပန်းဥယျာဉ်ဖွင့်ပွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာ ရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရ မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး လေဆိပ်ပန်းဥယျာဉ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မြစ်ကြီးနားမြို့တွင် ဇန်နဝါရီ ၉ ရက်နေ့၌ ရိုးရာမနောအကဖြင့် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်းနှင့် ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲဖွင့်ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇန်နဝါရီ (၁၀) ရက် စိန်ရတုကချင်ပြည်နယ်နေ့တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား၊ ရိုးရာမနောအကနှင့်အတူ ဌာနဆိုင်ရာပြခန်းများ၊ ဒေသထွက်ကုန်ပစ္စည်းပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဆု တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်အပ်နှင်းပွဲ၊ ရေကူးပြေးလမ်း (၁၀) လမ်းပါ ရေကူးကန်ဖွင့်ပွဲ အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။