နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံ မြေနေရာနှင့် ဌာနဆိုင်ရာလျာထားမြေနေရာများအား ကြည့်ရှုစစ်ဆေး

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံ မြေနေရာနှင့် ဌာနဆိုင်ရာလျာထားမြေနေရာများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်သည် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့်အတူ ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ဌာနဆိုင်ရာလျာထားမြေနေရာများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် နှင့်အတူ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်၊ OSS-၁၂၁/ ၁က၊ ပိတောင်ကွင်း၌ မြစ်ကြီးနားမြို့တွင် အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းမြေနေရာ၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာနှင့် ဌာနဆိုင်ရာ လျာထားမြေနေရာများကို ကြည့်ရှုစစ်ဆေးပြီး မြေနေရာများ လျာထားမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့သည် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်း အမှတ် ဖွင့်လှစ်သွားမည့် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ပိုင် ငြိမ်းချမ်းသာယာကွင်းအတွင်း ရေကူးပြေးလမ်း (၁၀)လမ်းပါ ရေကူးကန်တည်ဆောက်ပြင်ဆင် ပြီးစီးမှု အခြေအနေများ၊ ရေကူးကန်အနီး မြေကွက်လပ်တွင် (၁၅၀ ပေ ၊ ၉၀ ပေ) ဖူဆယ်အားကစားရုံ တည်ဆောက်နေမှုအခြေအနေများနှင့် ငြိမ်းချမ်းသာယာဘောလုံးကွင်း အဆင့်မြင့်တင်ဆောင်ရွက် နိုင်ရေး  ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးမှာကြားခဲ့ကြောင်း သိရှိရသည်။