နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် မြို့နယ်ပေါင်း ၁၄ မြို့နယ်ရှိ ကျေးရွာပေါင်း ၁၃၈ ရွာတွင် ကဏ္ဍအလိုက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား စက်တင်ဘာ ၆
နိုငငြံ့စီးပှားမှှင့တြငရြေးရနပြုံငှဖှငေ့ြ ကခငွပြှညနြယစြီးပှားမှှင့တြငရြေးအတှကြ မှို့နယပြေါငြး ၁၄ မှို့နယရြှိ စိုကပြွိူးမှေးမှူရေးဆောငရြှကသြော ကွေးရှာပေါငြး ၁၃၈ ရှာရှေးခယွသြတမြှတြ၍ နိုငငြံ့စီးပှားမှှင့တြငရြေးရနပြုံငှမှေ မတညထြောကပြံ့ငှဆေိုငရြာ ဘဏျဍာရးလုပထြုံးလုပနြညြးမွားနှင့ြ အညီ ကဏျဍအလိုကြ စီမံကိနြးလုပငြနြးမွား အကောငအြထညဖြောဆြောငရြှကသြှားနိုငရြေးအတှကြ စကတြငဘြာ ၅ ရကြ မှနြးလှဲ ၁ နာရီက ပှညနြယအြစိုးရအဖှဲ့ရုံး မလိခခနြးမ၌ စိုကပြွိူးမှေးမှူရေး ဆောငရြှကသြော ပှညနြယြ/ ခရိုငြ/ မှို့နယအြဆင့ြ ကွေးရှာစီမံကိနြးကှီးကှပမြှုကောမြတီလုပငြနြး ညှိနှိုငြးအစညြးအဝေးကို ကငွြးပပှုလုပခြဲ့ကှသညြ။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ယနေ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့မှုဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဦးစီးဌာန များအလိုက် ရွေးချယ်ထားသောကျေးရွာများကိုအတည်ပြုနိုင်ရေး၊ လာမည့်အောက်တိုဘာလအတွင်း ရန်ပုံငွေများကို ပြည်သူများလက်ဝယ်အရောက် အမြန်ဆုံးစီမံခန့်ခွဲဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဦးစီးဌာနများနှင့် တာဝန်ရှိသူများအနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်တစ်လျှောက်လုံး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားကြရေး တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ခရိုင်၊ မြို့နယ်ကော်မတီအဆင့်ဆင့်က ရွေးချယ်ထားသည့် ကျေးရွာများ အမည်စာရင်း၊ ကဏ္ဍအလိုက်ဆောင်ရွက်သွားမည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမအသင်းများ ထူထောင်ရေးနှင့် ငါးလုပ်ငန်းများတွင် မတည်ရင်းနှီးမြှုပ်နှံသွား မည့် ရန်ပုံငွေလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ကော်မတီ အဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းအပေါ် ကဏ္ဍများအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဖြည့်စွက်အကြံပြု သုံးသပ် ရှင်းလင်းတင်ပြရာ ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ထိရောက်အောင်မြင်သော စီမံကိန်း လုပ်ငန်းများဖြစ်စေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရေး၊ ရန်ပုံငွေစိစစ်သုံးစွဲရာတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပေးအပ်ခဲ့သော ငွေကျပ် ၈ ဘီလီယံအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက် သော ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့များကို ခရိုင်၊ မြို့နယ်အလိုက် ဖွဲ့စည်းဆောင်ရွက်ခဲ့ ပြီး ယနေ့အစည်းအဝေးတွင် မြို့နယ်ပေါင်း ၁၄ မြို့နယ်မှ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၈၀ ၊ သမဝါယမလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၃၈ ရွာ၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက် မည့် ကျေးရွာ ၁၅ ရွာနှင့် ငါးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၅ ရွာ စုစုပေါင်း ၁၃၈ ရွာကို ရွေးချယ် ဆောင်ရွက်ခဲ့ခြင်းနှင့် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလည်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး (TOT) ဆရာဖြစ်သင်တန်းများကို မြို့နယ်များအလိုက် ဖွင့်လှစ်ပို့ချပေးပြီး ဖြစ်ကြောင်းသိရှိရသည်။