မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားခဲ့ရသော ဒေသများမှ ပြည်သူများအတွက် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ဘောလုံးအသင်းနှင့် နိုင်ငံကျော် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ ပါဝင်သော ဘောလုံးအသင်းတို့၏ ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

 မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားခဲ့ရသော ဒေသများမှ ပြည်သူများအတွက် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ဘောလုံးအသင်းနှင့် နိုင်ငံကျော် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ ပါဝင်သော ဘောလုံးအသင်းတို့၏ ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇူလိုင် ၃

          မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားခဲ့ရသော ဒေသများမှ ပြည်သူများအတွက် ပြန်လည်ထူ ထောင်‌ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော ဘောလုံးအသင်းနှင့် နိုင်ငံကျော် ရုပ်ရှင်၊ဂီတအနုပညာရှင်များပါဝင်သော ဘောလုံးအသင်း တို့၏ ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂ ရက် ညနေပိုင်းက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ ရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် ယုန်လေး၊ အစ္စဏီ၊ ဂျေးနီ၊ ကျော်ကျော်၊ မိုးယံဇွန်၊ ဒီဖြိုး၊ ဆိုတေးတို့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့က ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေဘောလုံးပြိုင်ပွဲအတွက် လာရောက်သည့် ရုပ်ရှင်၊ ဂီတနယ်ပယ်မှ နိုင်ငံကျော်အနုပညာရှင်များ အတွက် အမှတ်တရဂုဏ်ပြုလက်ဆောင်နှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်သည်။

          ထို့နောက် ဘောလုံးပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် ညွှန့်ပေါင်းဘောလုံးအသင်းနှင့် နိုင်ငံ့လက်ရွေးစင် ဂိုးသမားဟောင်းအောင်အောင်ဦး ဦးဆောင်သည့် ရုပ်ရှင်၊ ဂီတနယ်ပယ်မှ နိုင်ငံကျော်သရုပ်ဆောင် များနှင့် တေးသံရှင်များပါဝင်သည့် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှုကို ဒေသခံများက ကြည့်ရှု အားပေးခဲ့ကြပြီး ရုပ်ရှင်၊ ဂီတအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲရာ ပြည်နယ်ဝန်ကြီးချုပ် အနိုင်ရ ဗိုလ်စွဲသည့် ရုပ်ရှင်၊ ဂီတအသင်းအတွက် ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့ကာ ကျေးဇူးတင်စကားပြော ကြားသည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါ မိုခါ ဆိုင်ကလုန်းဘေးခံစားခဲ့ရသောပြည်သူများ အတွက် ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများပေးနိုင် ရေး ရန်ပုံငွေဘောလုံးပွဲမှ ဝင်ကြေးအဖြစ် ကောက်ခံရရှိသည့် ငွေနှင့် အလှူရှင်များမှ ထည့်ဝင်လှူဒါန်း သည့် အလှူငွေများကို ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ တစ်ဆင့် အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီထံသို့ လွှဲပြောင်းအပ်နှံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။