မြစ်ကြီးနား ဇွန် ၅
ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းကြဖို့ ဆောင်ပုဒ် ဖြင့် ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ် အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တက်ရောက်အမှာစကားပြောကြားသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များ ပြန်လည်ကောင်းမွန်ရေးသည် လူသားများအပါအဝင် သက်ရှိအားလုံးတို့ ရေရှည်ရှင်သန် ရပ်တည်နိုင်ရေးသည်အဓိက အကြောင်းအချက်တစ်ခုဖြစ်သည့်အတွက် ဂေဟစနစ်ပြန်လည်ကောင်း မွန်ရှင်သန်လာစေရေးကို အလေးထား၍ သစ်ပင်များ တက်ကြွစွာစိုက်ပျိုးခြင်း၊ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်း၊ညစ်ညမ်းမှုနှင့်တိုးပွားလာမှုများအပါအဝင်ဂေဟစနစ်များအပေါ် ဖိအားပေး နေမှုများကို လျော့ချဖယ်ရှားခြင်းများအား ပြည်သူတစ်ဦးချင်းစီက စိတ်ဝင်တစားပါဝင်ဆောင်ရွက် ကြရန် အလေးနက်ထား ဖိတ်ခေါ်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်က ၂၀၂၁ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုပြကွက်ကို ကြည့်ရှုခဲ့ကြသည်။
ထို့နောက် အခမ်းအနားအပြီးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ် ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအ မှတ်ပြသထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေးပြခန်းငယ်အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။