ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း နှင့် မျိုးနွယ်စုကော်မတီဝင်များနှင့်တွေ့ဆုံပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း နှင့် မျိုးနွယ်စုကော်မတီဝင်များနှင့်တွေ့ဆုံပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇွန် ၄

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၄ ရက် နံနက် (၈)နာရီခွဲတွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်းအတွင်းရှိ မနောအိမ်တော်၌ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ် ကျေးမှုအသင်းနှင့် မျိုးနွယ်စုကော်မတီဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ တိုင်းရင်းသားရေးရာယဉ်ကျေးမှုသုတေသနအဖွဲ့များနှင့် တွေ့ဆုံပြီး အားကစားပစ္စည်း များကို  ထောက်ပံ့ပေးအပ်ခဲ့သည်။

          မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းနှင့် မျိုးနွယ်စုကော်မတီဝင်များနှင့် တွေ့ဆုံ ရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းရင်းသားတို့၏ ရိုးရာယဉ် ကျေးမှု၊ စာပေ၊ ဂီတ၊ ဓလေ့ထုံးစံများကို လက်ဆင့်ကမ်းဖော်ထုတ်ထိန်းသိမ်းနိုင်ရေးသည် အရေးကြီး ပါကြောင်း၊ ယနေ့ မိမိတို့တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို ဖော်ထုတ်ထိန်းသိမ်းမှတ်တမ်းတင် နိုင်ခွင့်ရရှိပြီဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ကောင်စီအဖွဲ့အနေဖြင့်လည်း ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် အမြဲတမ်းချိတ်ဆက်၍ လက်တွဲပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် မနောကွင်းသည် ကချင်လူမျိုးတို့၏ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ရာနေရာဖြစ် သည်သာမက နိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါက်ပေါက်လာသည့် သမိုင်းဝင်နေရာတစ်ခုဖြစ်ပါ ကြောင်း၊ မနောကွင်းအတွင်းအများ ပြည်သူကျန်းမာရေးလှုပ်ရှားမှုများကို ဆောင်ရွက်လာကြသည် ကို တွေ့ရသည့်အတွက် အားကစားပစ္စည်းများ တပ်ဆင်အသုံးပြုနိုင်ရေး ထောက်ပံ့ပေးခြင်းဖြစ်ပါ ကြောင်း မှာကြားသည်။

          ယင်းနောက် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် မျိုးနွယ်စုကော်မတီ ဝင်များက မနောကွင်းအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ ရိုးရာယဉ်ကျေးမှု အသင်းပိုင် မြေယာများ မြေဂရန်ရရှိရေးနှင့် ရန်ပုံငွေဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော် ခြင်းစသည့် အားကစားပစ္စည်းများ၊ ကျန်းမာရေးလေ့ကျင့်ခန်းသုံးစက်ပစ္စည်းများနှင့် အသင်းအတွက် ထောက်ပံ့ငွေကျပ်သိန်း (၃၀)တို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကချင်တိုင်းရင်းသားမျိုးနွယ်စု(၆)ဖွဲ့နှင့် အသင်းတာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြသည်။