ရပ်ကွက်/ကျေးရွာများ လုံခြုံမှုရှိစေရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး

 ရပ်ကွက်/ကျေးရွာများ လုံခြုံမှုရှိစေရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     မေ ၃၁

          မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ လုံခြုံရေးမှုရှိစေရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စဉ်လျဉ်း၍ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် မြစ်ကြီးနားခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို မေ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင်  မြစ်ကြီးနားစုပေါင်းရုံးဝင်း အတွင်းရှိ မနော‌ရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က နိုင်ငံ ရေးပြောင်းလဲမှုအခြေအနေအပေါ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များနှင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိ တွေ့မှုဖြစ်စဉ်များကို ရှင်းလင်းပြောကြားပြီး ယနေ့ နိုင်ငံတော်အုပ်ချုပ်မှုယန္တရား ပျက်စီးစေလိုသဖြင့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်မှ ပစ်ခတ်တိုက်ခိုက်မှုများ၊ ဖောက်ခွဲမှုများနှင့် အသက်အန္တရာယ်ခြိမ်းခြောက် မှုများကို ကြုံတွေ့လာရသဖြင့် လုံခြုံရေးအခြေအနေကို အထူးဂရုစိုက်ရန်လိုကြောင်း၊ မိမိတို့ရပ်ကွက်၊ ကျေးရွာများ တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့ရပ်/ရွာလုံခြုံမှုရှိစေ‌ရေးကို အလေးထားဆောင်ရွက် ရန်လိုကြောင်းနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ရန်လို ကြောင်း မှာကြားသည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်း‌ရေးမှူး ဦးခင်မောင်လေးက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိကိုယ်ကိုကိုယ် လုံခြုံမှုရှိစေရေး၊ မိမိတို့၏ ရပ်ကွက်/ ကျေးရွာများ လုံခြုံမှုရှိစေရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်စီမံဆောင်ရွက်ထားရေး၊ အခြေခံပညာကျောင်းများ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာဖွင့်လှစ်သင်ကြားနိုင်ရေးတို့ကို အလေး ထားဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။           ယင်းနောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ရပ် ကွက်၊ ကျေးရွာအုပ်စုများအတွင်း ဧရာဝတီမြစ်အတွင်း တရားမဝင်ရွှေတူးဖော်နေမှုကို တားဆီးဆောင် ရွက်ပေးနိုင်ရေး တင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က တရားမဝင်ရွှေတူးဖော်မှုများအပေါ် ကွင်းဆင်းစစ်ဆေး၍ ဥပဒေနှင့်အညီ အ‌ရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။