ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ချောင်းရှင်းလင်းရေးလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်အခြေအနေ ကွင်းဆင်းတိုင်းတာစစ်ဆေး၍ စနစ်တကျရှင်းလင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

 ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ချောင်းရှင်းလင်းရေးလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်အခြေအနေ ကွင်းဆင်းတိုင်းတာစစ်ဆေး၍ စနစ်တကျရှင်းလင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၃၁

          နှစ်စဉ်မိုးရာသီတွင် မိုးကောင်းချောင်းရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ မြစ်ကြီး နား-တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ ရှဒူဇွပ်ကျေးရွာတွင် ရေကြီးနစ်မြှုပ်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းသည့် ရှဒူဇွပ်(မိုးကောင်းချောင်း) ရှင်းလင်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍  မေ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ချောင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များ တွင် အဓိကအားဖြင့် သစ်တောသစ်ပင်ပြန်းတီးမှု၊ ရွှေ၊ သတ္တု တူးဖော်ထုတ်လုပ်မှုတို့ကြောင့် နှစ်စဉ် ကြုံတွေ့ရလေ့ရှိကြောင်း၊ ဖားကန့်မြို့နယ်အတွင်းရှိ ရှဒူဇွပ်ကျေးရွာသည်လည်း နှစ်စဉ်ချောင်း ရေမြင့် တက်မှုကြောင့် ရေကြီးနစ်မြှုပ်မှုများကြုံတွေ့နေရသဖြင့် ချောင်းရှင်းလင်းရေးလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီအနေဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြေပြင်အခြေအနေ ကို ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

          ထို့နောက် ချောင်းရှင်းလင်းရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသည့် ထွန်းရတနာစိမ်း ကုမ္ပဏီမှ တာဝန်ခံက ၂၀၂၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ချောင်းရှင်း လင်းရေးကို နေရာ(၆)ခုတွင် အပိုင်း(၆)ပိုင်းခွဲ၍ လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ချောင်းကောက်ကွေ့ သောနေရာများတွင် ရေလွှဲမြောင်း ဖောက်လုပ်သွားမည့် အစီအစဉ်များနှင့် လိုအပ်ချက် အခက်အခဲများ ကို တင်ပြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ချောင်းရှင်းလင်းရေး လုပ်ငန်းများအပေါ် စီမံချက်ရေးဆွဲ၍ စနစ်တကျဖြင့် ရှင်းလင်းဆောင်ရွက်ရနိုင်ရေးကို အကြံပြုဆွေး နွေးတင်ပြကြသည်။

          တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ချောင်းရှင်းလင်း ရေးလုပ်ငန်းကို ချောင်းများ၏ မြေပြင်အခြေအနေအထား၊ ချောင်းရေစီးဆင်းမှုအခြေအနေများကို သေချာစွာစနစ်တကျကွင်းဆင်းစစ်ဆေးတိုင်းတာ၍ ဆောင်ရွက်ရန်လိုသည့်အတွက် လုပ်ငန်းများခေတ္တ ရပ်ဆိုင်းပြီး ဌာနဆိုင်ရာများ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။