(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင်အခမ်းအနားတွင် ကချင်ပြည်နယ်မှ ဆင်ယင်ပြသသွားမည့် အလှပြယာဉ်များအတွက် ပြည်နယ်ကိုယ်စား တာဝန်ထမ်းဆောင်မည့်သူများအား တာဝန်ပေးအပ်

 (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင်အခမ်းအနားတွင် ကချင်ပြည်နယ်မှ ဆင်ယင်ပြသသွားမည့် အလှပြယာဉ်များအတွက် ပြည်နယ်ကိုယ်စား တာဝန်ထမ်းဆောင်မည့်သူများအား တာဝန်ပေးအပ်

မြစ်ကြီးနား     ဇန်နဝါရီ ၁၂

          ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော်၌ ဗိုလ်ရှုသဘင်အခမ်းအနားအတွက် ကချင်ပြည်နယ် မှ ဆင်ယင်ပြသသွားမည့် အလှပြယာဉ် (၃)စီးအတွက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သည့် ဝန်ထမ်းများအား တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင်  ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          တာဝန်ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို ပြည်ထောင်စု၏ အနှစ်သာရနှင့် ပြည့်ဝစွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ မိမိတို့ပြည်နယ်မှ ဆင်ယင်ပြသသွားမည့် အလှပြယာဉ် (၃)စီးအတွက် သတ်မှတ် ညွှန်ကြားချက်အတိုင်း မိမိတို့ ပြည်နယ်၏ အထင်ကရနေရာများ၊ ရိုးရာဓလေ့ထုံးစံများနှင့် ဒေသ ထွက်ကုန်ပစ္စည်းများကို ပြည်နယ်၏ အထိမ်းအမှတ်ကို ပေါ်လွင်စေပြီး ပြည်ထောင်စု၏ အနှစ်သာ ရကို ဖော်ကျူးနိုင်သည့် ယာဉ်များဖြစ်စေရေး၊ အကောင်းဆုံးနှင့် ဂုဏ်သိက္ခာရှိရှိပြသနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားအတွက် နေပြည်တော်တွင် ဆင်ယင်ပြသ သွားမည့် အလှပြယာဉ်များနှင့် စပ်လျဉ်း၍ နေပြည်တော်တွင် ပြင်ဆင်ဆောင်ရွက်သွားမည့် ကိစ္စ ရပ်များ၊ ယာဉ်တစ်စီးခြင်းစီအလိုက် သတ်မှတ်ထည့်သွင်းဖော်ပြရမည့် ဆင်ယင်မှုများအတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် အလှပြယာဉ်များအတွက် နေပြည်တော်တွင် တာဝန်ကျ ဝန်ထမ်းများနှင့် ချိတ်ဆက်ဆောင်ရွက်ဖြည့်ဆည်းပေးသွားမည့် လုပ်ငန်းများကို အသီးသီး အကြံ ပြုဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် အုပ်ချုပ်/ထောက်ပံ့ဆိုင် ရာကိစ္စရပ်များအပေါ် ဦးဆောင်တာဝန်ယူမည့် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာများ အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။