(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၌ ဒူဝါဇော်လွန် လမ်းနှင့် ဒူဝါဆန်ထဆင် ကတ္တရာလမ်းသစ်များဖွင့်လှစ်

 (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၌ ဒူဝါဇော်လွန် လမ်းနှင့် ဒူဝါဆန်ထဆင် ကတ္တရာလမ်းသစ်များဖွင့်လှစ်

မြစ်ကြီးနား     မတ် ၂၄

          (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သော တပ်ကုန်းရပ်ကွက်အတွင်းရှိ ဒူဝါဇော်လွန်လမ်း အရှည် ၁၂၃၀ ပေ၊ အကျယ် ၁၄ ပေလမ်းနှင့် ဒူဝါဆန်ထဆင်လမ်း အရှည် ၃၄၀၀ ပေ၊ အကျယ် ၁၄ ပေရှိ ကတ္တရာလမ်းသစ်များကို  မတ် ၂၄ ရက် နံနက် ၉ နာရီက အဆိုပါ လမ်းသစ်များ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ ဒူဝါဇော်လွန် ကတ္တရာလမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၅၄ ဒသမ၂၃၀) သန်းဖြင့် ဒူဝါဇော်လွန်လမ်း အပါအဝင် မြစ်ကြီးနားမြို့၌ မြို့သန့်ရှင်းသာယာလှပရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လမ်းတံတား လုပ်ငန်းများဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး လမ်းသစ်အား တာဝန်ယူဆောင်ရွက်ခဲ့သော စင်ကြိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က လမ်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လမ်းသစ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇေယျာကျော်ထင် ကိုကိုမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းနှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး၊ အခမ်းအနား တက်ရောက်လာသူများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ သည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူး၊ တပ်မတော်အရာရှိကြီး များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကတ္တရာလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အလားတူ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆိုပါတပ်ကုန်း (ရာဒါကောင်း-B)ရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(၁၁၅ ဒသမ ၆၄၀)သန်းဖြင့် မြို့နယ်စည်ပင်ယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် Myanmar Bullion ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ခဲ့သည့် အရှည် ၃၄၀၀ ပေ၊ အကျယ် ၁၄ ပေရှိ ဒူဝါဆန်ထဆင် ကတ္တရာလမ်းသစ်အား ဆက်လက်ဖွင့်လှစ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ကုမ္ပဏီတာဝန်ရှိသူတို့က လမ်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ လမ်းသစ်ကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေး ရာဝန်ကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး  လမ်းသစ်အား တာဝန်ရှိသူများနှင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။