Bahisbet Bahisbet Giriş Yakabet Giriş Deneme Bonusu deneme bonusu veren siteler çevrimsiz deneme bonusu Deneme Bonusu Rehberi Deneme Bonusu 2026 güncel deneme bonusu Çevrimsiz Bonus Veren Siteler Truva Marketing Deneme Bonusu Veren Siteler Jojobet Giriş Caddebet Giriş Casibom Giriş

ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းပြည်ပပို့ကုန်သီးနှံဖြစ်သည့် ငှက်ပျောသီးနှံတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး နည်းပညာပေးဆွေးနွေး

မြစ်ကြီးနား   အောက်တိုဘာ ၂၇

          ကချင်ပြည်နယ်အတွင်း အဓိကပြည်ပပို့ကုန် စိုက်ပျိုးရေးသီးနှံတစ်မျိုးဖြစ်သည့် ငှက်ပျောသီးနှံတွင်ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများဖြင့် အရည်အသွေးမြင့်မားသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်၍ ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

          အဆိုပါ  နည်းပညာရေးဆွေးနွေးပွဲတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုးက စိုက်ပျိုးရေးထုတ်ကုန်များပြည်ပဈေးကွက်တင်ပို့ရာတွင် အရည်အသွေးပြည့်ဝသည့် သီးနှံထုတ်ကုန်များဖြစ်စေရေးနှင့် ပြည်တွင်းစားသုံးသူများအစားအစာ ဘေးကင်းလုံခြုံမှုရှိရေး၊ သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးသည် အရေးကြီးကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နည်းပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသတွင်းငှက်ပျောစိုက်ပျိုးထုတ်လုပ်သည့် ကုမ္ပဏီလုပ်ငန်းရှင်များ၊ တောင်သူများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများအား ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲ၊ တာဝန်ခံဦးဟို(မ်)နာ(သ်)က ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးအတွက် ဖျက်ပိုးများအား ဘက်စုံကာကွယ်‌ရေးနည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်းနင်းခြင်း၊ ပိုးသတ်ဆေးအားစနစ်တကျနှင့် အန္တရာယ်ကင်းရှင်းစွာအသုံးပြုရေး၊ လိုက်နာဆောင်ရွက်ရေး၊ ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ်လျော့ချရေးနည်းလမ်းများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြစ်ကြီးနားခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝင်းက ငှက်ပျောစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) စနစ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်ရမည့် နည်းလမ်းများ၊ အစာအစားများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုအန္တရာယ်ဆိုင်ရာသိသင့်သိထိုက်သည်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ကံပိုင်တည်သီးနှံပိုးမွှားရောဂါပြန့်ပွားမှုထိန်းချုပ်ရေးစခန်း တာဝန်ခံဦးစိုးလွင်က တရုတ်နိုင်ငံသို့ တင်ပို့မည့် တစ်သျှူးငှက်ပျောသီးနှံအတွက်  ထိန်းချုပ်ပိုးမွှားများအကြောင်း၊ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုမြင့်မားရသည့် အကြောင်းအရင်းများနှင့် ကာကွယ်နှိမ်နင်းရန်နည်းလမ်းများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တက်ရောက်လာကြသူများက ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးအတွက် သိလိုသည်များနှင့်စပ်လျဉ်း၍ အသီးသီးမေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရသည်။