မြစ်ကြီးနား ဖေဖော်ဝါရီ ၆
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီတွင် သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ ကလေးဖျာနာကုသဆောင်၌ လူနာများအား ကျန်းမာရေး ဝန်ထမ်းများ၏ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဆေးဝါးကုသမှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြပြီး ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားလေဆိပ်၌ နေပြည်တော်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲအား ပါဝင်ကြမည့် ပြည်နယ်ကိုယ်စားပြုဂေါက်သီးရိုက်အသင်း၊ အလှပြဂုဏ်ပြုယာဉ်နှင့် ညစာစားပွဲများတွင် ပါဝင်ကြ မည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေး အထူးဂရုစိုက်ကြရန်နှင့် ပြည်နယ်ကိုယ်စားပြုပါဝင်ကြမည် ဖြစ်သည့်အတွက် အကောင်းဆုံး ပါဝင်ဆင်နွှဲကြရေး တိုက်တွန်းအားပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။