ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒဘတ်ချောင်းရေအားလျှပ်စစ်ထုတ်လုပ်နိုင်‌ရေး ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံ့ဝန်ထမ်းများအား e-Government အထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒဘတ်ချောင်းရေအားလျှပ်စစ်ထုတ်လုပ်နိုင်‌ရေး ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံ့ဝန်ထမ်းများအား e-Government အထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၇

          ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာအုပ်စုအတွင်းရှိ ဒဘတ်ချောင်းပေါ်၌ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားသည်။

          အစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က နိုင်ငံတော်အနေဖြင့်ရင်းနှီးမြှုပ်နှံ မည့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို အားပေးဆောင်ရွက်လျက်ရှိပြီး ယခုလို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည့် သူများကို ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေ ဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးကို ကူညီ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာအုပ်စုအတွင်း ဒဘတ်ချောင်းပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် ကုမ္ပဏီမှ ရှင်းလင်းတင် ပြချက်များကို ပြည်နယ်ဝန်ကြီးများ၊ ရေအားလျှပ်စစ်နှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရွက်သွား ရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား အကြံပြု ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၌ ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများအား e-Government အထောက်အကူပြုကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး၊ ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ရုံးလုပ် ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် e-Government စနစ်၏ အခြေခံဖြစ်သည့် ကွန်ပျူတာဆိုင်ရာဘာသာရပ် များကို သိရှိနားလည်ကာ ကွန်ပျူတာနည်းပညာများကို လက်တွေ့အသုံးချတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

          ထို့နောက်ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)မှဒုတိယပါမောက္ခချုပ်ဒေါက်တာသန်းနိုင်စိုး e-Government စနစ် အကောင်အထည်ဖော်ဆိုင်ရာ လုပ်ငန်းများနှင့် ဖွင့်လှစ်ပို့ချသွားမည့်  ရုံးသုံး Microsoft Word ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကွန်ပျူတာတက္ကသိုလ်ရှိ နည်းပြဆရာ၊ ဆရာမများက သင်တန်းဖွင့်လှစ်ပို့ချနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။