ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း သီးထပ်သီးနှံစိုက်ပျိုးရေးနှင့်အတူ ငါးမျိုးစိုက်ထည့်မွေးမြူနိုင်ရေး ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း သီးထပ်သီးနှံစိုက်ပျိုးရေးနှင့်အတူ ငါးမျိုးစိုက်ထည့်မွေးမြူနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဇူလိုင် ၂

          ကချင်ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်သူများ၏7 th Tournament of Hold in One Group မှ ကြီးမှူးကျင်းပသည့် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁ ရက်က ကျင်းပပြုလုပ်ရာ ဖွင့်ပွဲ အခမ်းအနားကို နံနက် ၆ နာရီတွင် မြစ်ကြီးနားမြို့ Northen Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြစ်ကြီးနားဂေါက်ကလပ်နာယကတို့က မီးခိုးဘောလုံးအား ရိုက်၍ ဖွင့်လှစ်ပေးကြပြီး 7 th Tournament of Hold in One Group မှ နာယက ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲအထိမ်းအမှတ် လက်ဆောင် များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ထံ ပေးအပ်ခဲ့သည်။

          ထို့နောက် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း မိုးစပါးအပြီး ဆီထွက်သီးနှံအပါအဝင် တစ်နှစ်သုံးသီး စိုက်ပျိုးဆောင်ရွက်နိုင်ရေး စိုက်ကွက်အတွင်း ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်းရေမှ ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေနိုင်ရေးနှင့် ချောင်း ရေဝေးသည့် စိုက်ဧရိယာများအတွက် စက်ရေတွင်းများ တူးဖော်ထားရှိမှု၊ ရွေ့လျားဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စိုက်ပျိုးရေနှင့် စိုက်ပျိုးရေးသွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ဆက်လက်၍ အဆိုပါ စိုက်ကွက်အတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး ဆိုလာစနစ်ဖြင့် စက်ရေတွင်းမှ ရေသွင်းဆောင်ရွက်နိုင်မှု အခြေအနေနှင့် စိုက်ကွက်အတွင်း ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်းအား လယ်ကွင်းများအတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးနှင့် သီးထပ်စိုက်ပျိုး ရေရရှိရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အရှည်ပေ ၁၀၀ တူးဖော်ဆောင်ရွက် ထားရှိမှုများအပေါ် မိုးရေပြည့်လျှံချိန်အတွင်း ပြည်နယ်ငါးဦးစီးဌာနမှ တီလားဗီးယား၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးခုံးမကြီး စသည့် ငါးမျိုး (၄)မျိုးအား စိုက်ထည့်၍ မွေးမြူနိုင်ရေး ချောင်းရိုးတစ် လျှောက် ရေအတိမ်အနက်နှင့် နွေရာသီရေကျန်ရှိနိုင်မည့် အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က ငါးမျိုးစိုက်ထည့်နိုင်ရေးအတွက် ချောင်းတစ်လျှောက် ဗေဒါပင်နှင့် အမှိုက် များ ရှင်းလင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထိုနောက် ညပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် City Park Royal ခန်းမ၌ မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုအမျိုး အစားအလိုက် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် 7 th Tournament of Hold in One Group မှ တာဝန်ရှိသူများက ဂုဏ်ပြု ဆုတံဆိပ်၊ ဆုကြေးငွေနှင့် ဆုလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။