ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားလာစေရေး ချေးငွေဒုတိယနှစ်စက်ဝန်းအတွက် မတည်ငွေများ ထပ်မံခွင့်ပြုချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၊ ပြည်နယ်တရားလွှတ်တော်အဆောက်အအုံသစ် တည်ဆောက်နိုင်ရေး မြေနေရာအား ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားလာစေရေး ချေးငွေဒုတိယနှစ်စက်ဝန်းအတွက် မတည်ငွေများ ထပ်မံခွင့်ပြုချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၊ ပြည်နယ်တရားလွှတ်တော်အဆောက်အအုံသစ် တည်ဆောက်နိုင်ရေး မြေနေရာအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     မတ် ၂

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲဝေမတည်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံအား ချေးငွေပထမနှစ်စက်ဝန်းကို အောင်မြင်စွာလည်ပတ်နိုင်ခဲ့ပြီး ဒုတိယနှစ်စက်ဝန်းလည်ပတ်လျက်ရှိရာ မတ် ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့၏ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် မတည်ငွေများ ထပ်မံခွင့်ပြုချထားပေးခဲ့သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စီးပွားမြှင့်တင်ရေးအတွက် ရင်းနှီးမတည်ပေးထားသည့် ငွေကျပ် ၈ ဘီလီ ယံကို ကော်မတီများအလိုက် ကြိုးပမ်းခဲ့မှုကြောင့် ပထမနှစ်စက်ဝန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့ပြီး ယခု ဒုတိယနှစ်စက်ဝန်းတွင် ပထမနှစ်စက်ဝန်း၏ အခက်အခဲ၊ အားသားချက်၊ အားနည်းချက် များကို ဆွေးနွေးဆုံးဖြတ်၍ ခွင့်ပြုချထားပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆွေးနွေးဆောင်ရွက်ရာတွင် နယ်မြေအခြေအနေအရ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းတွက်ချက်ပြီး ခွင့်ပြုချထားရေး ကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ ပထမနှစ်စက်ဝန်းမှ အတိုး/ အရင်းရငွေများကို လုပ်ငန်းကဏ္ဍအလိုက် မြေပြင်တွင် တောင်သူများအတွက် အမှန်တကယ် အကျိုး ရှိထိရောက်ပြီး နိုင်ငံ့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေသည့် လုပ်ငန်းစီမံကိန်း များဖြစ်စေရေး၊ လက်တွေ့အကျိုးဖြစ်ထွန်းပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ အတွက် မတည်ငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး ခွင့်ပြုပေးနိုင်ရေး ယနေ့ အစည်း အဝေးတွင် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေး ရာဝန်ကြီး ဦးမျိုးဆွေက ပထမနှစ်စက်ဝန်းမှ အတိုး/ အရင်း ကောက်ခံရရှိမှု အခြေအနေများ၊ ဘဏ္ဍာ ရေးလုပ်ထုံးလုပ်နည်းနှင့် ဗဟိုကော်မတီမှ ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အတိုး/ အရင်းကောက်ခံရရှိသည့် ငွေပမာဏများမှ ထပ်မံရင်းနှီးမတည်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ချေးငွေများကို လက်စွဲစာစောင်ပါ အချက်များနှင့်အညီ စာချုပ်စာတမ်းဖြင့် ဆောင် ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ခရိုင်၊ မြို့နယ်ကော်မတီ များ၏က စိစစ်တင်ပြလာသည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လုပ်ငန်း ယူနစ်အလိုက် မတည်ငွေ ထုတ်ချေးပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြ ရာ ပြည်နယ်ဝန်ကြီးချုပ်က မတည်ချေးငွေချထားပေးနိုင်ရေးစိစစ်ခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်း ကဏ္ဍအလိုက် အောင်မြင်အောင် စိစစ်ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ မြေပြင်အကျိုးဖြစ်ထွန်းမှုကို စဉ် ဆက်မပြတ် လေ့လာဆန်းစစ်ပြီး တင်ပြနိုင်ရေးနှင့် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ စာရင်းစစ်ဆေးမှု ခံယူနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ် ၂ ရက် နံနက် ၈ နာရီက ပြည်နယ်၏ မြို့တော်ဖြစ်သည် နှင့်အညီ မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး အပန်းဖြေနေရာများ ပေါ်ထွန်းလာစေရေး အတွက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအရှေ့ဘက် ဧရာဝတီမြစ်ကမ်းဘေး၌ စည်ပင် သာယာရေးအဖွဲ့ ပြည်နယ်ညွှန်ကြားရေးမှူး၊ အမှုဆောင်အရာရှိနှင့် အရာထမ်း/ အမှုထမ်းများ၊ လူမှု ကူညီရေးအသင်းအဖွဲ့များ၊ Kachin State Clean & Green အဖွဲ့ဝင်များက သစ်ပင်ခြုံနွယ်များ ခုတ် ထွင်ရှင်းလင်းခြင်း၊ ပလပ်စတစ် အမှိုက်များကောက်ယူခြင်း စသည့်လုပ်ငန်းများနှင့် စက်ယန္တရားကြီး များဖြင့် မြေညှိဘောင်တင်ခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကမ်းနားတစ်လျှောက် မနောကွင်းမှ နန်းသီတာကမ်းနားဆိပ်ထိ အရှည်ပေ ၃၀၀၀ ၊ အကျယ်ပေ ၂၅၀ စုစုပေါင်းဧရိယာအကျယ်အဝန်း (၁၇)အား အများပြည်သူ အပန်း ဖြေနေရာအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်‌ရေး တာဝန် ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့သည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံးအနီးရှိ မြေဧရိယာအကျယ် ၂၅၀ ပေ × ၃၅၀ ပေပေါ်တွင် ပြည်နယ်တရားလွတ်တော်ရုံးသစ် တည်ဆောက်နိုင်ရေးအတွက် ခြံဝင်းယာယီ ကာရံထားရှိမှု အခြေအနေများနှင့် မြေဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၂၀၀ စံပြစိုက်ကွင်းအတွင်း လယ်သီးထပ် ဆောင်းသီးနှံစိုက် ပျိုးရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆိုလာစက်ရေတွင်းများ၊ ပင်မရေမြောင်းမှ တစ်ဆင့်ရေသွင်းစိုက်ပျိုးထားသည့် ပဲပုပ်နှင့်နေကြာ၊ ဖူးစားပြောင်းနှင့် နေကြာသီးထပ်၊ မတ်ပဲ၊ ပဲတီ စိမ်းနှင့် နေကြာသီးထပ် စိုက်ခင်းများနှင့် ခရမ်းချဉ်သီးစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သီးထပ်မစိုက်ပျိုးနိုင်သည့် လယ်များအား လာမည့် မိုးစပါးအတွက် ပိုက်ဆံလျှော်များ စိုက်ပျိုးထား‌ရေးနှင့် မိုးစပါးအတွက် လက်တံမြောင်းများ ပြန်လည်တူးဖော်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။