ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ၊ အသင့်စားသုံးနိုင်သော စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘာသာရေး အဖွဲ့အစည်းများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်း
မြစ်ကြီးနား မတ် ၄
ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ၊ အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် နိုင်ငံ့ဝန်ထမ်းများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာ ရေးအဖွဲ့အစည်းများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်းမှုများကို မတ် ၄ ရက် က သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်သော နိုင်ငံတော်လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေ သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ငွေကျပ်သိန်း (၁၅၀၀)၊ အစားအသောက်နှင့် ဆေးဝါးများအား တပ်ဖွဲ့ဝင်ဦးရေ (၁၅၀၀)ဦးတို့အတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်မှုများကို စဉ်ဆက်မပြတ် ထောက်ပံ့ ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ဝန်ကြီးဌာနများအလိုက် ဌာနဆိုင်ရာများနှင့် အလှူရှင် များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ထောက်ပံ့ပေးအပ်သည့် တပ်ဖွဲ့ဝင်ဦးရေ(၁၅၀၀)ဦးတို့အတွက် စုစုပေါင်း ငွေကျပ် (၂၂၀၂၁၃၀၀)တန်ဖိုးရှိ တစ်ဦးလျှင် ဘာလချောင်ကြော်၊ အမဲသားကြော်၊ ငါးခြောက်ကြော်၊ ကြက်မွကြော်၊ ပဲပုပ်/ဂျူးမြစ်/ မြေပဲဆံကြော်၊ တိုင်းရင်းဆေး၊ ထန်းလျက်၊ ကော်ဖီစသည့် အသင့်စား သုံးနိုင်သော စားသောက်ဖွယ်အမယ်စုံ (၁၂)မျိုးကို ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရာဇာထွန်းထံ လည်း ကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့များအတွက် ငွေကျပ်သိန်း(၁၅၀၀)ကို တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်ထံ လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း လွှာများကို ပြန်လည်ပေးခဲ့ကြပြီး တိုင်းမှူးက ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသင့်စား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်မှုအတွက် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်မှုများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးဌာန အလိုက် ကြီးကြပ်မှုအောက်ရှိ ဌာနဆိုင်ရာများ၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ လှူဒါန်းပါဝင်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်း ဝန်ထမ်းများကိုယ်တိုင်စုဖွဲ့၍ စားစရာအမယ်များကို ချက်ပြုတ်ပြင်ဆင်ခဲ့ကြရာ မတ် ၃ ရက် ညနေပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက လုံခြုံရေးတပ်ဖွဲ့ဝင် (၁၅၀၀)ဦး တို့အတွက် ထောက်ပံ့ပေးနိုင်ရေး ပါဝင်အမယ်ပစ္စည်းများအား စနစ်တကျ ထုတ်ပိုးပြင်ဆင်နေမှုများ ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ် ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့် ယနေ့ နံနက် (၈)နာရီခွဲက ပြည်နယ် အစိုးရဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး နှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်မှုများနှင့် စပ် လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်တို့က ပြည်နယ်အစိုးရအဖွဲ့ ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ရုံး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးရုံးအဖွဲ့၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရုံးအဖွဲ့၊ တရားပေါင်းစပ် ရုံးအဖွဲ့နှင့် ဧရာဝတီရိပ်သာ နေ့စားဝန်ထမ်းများ စသည့် အရာထမ်း/ အမှုထမ်းစုစုပေါင်း (၄၁၆)ဦးတို့ အတွက် တစ်ဦးလျှင်ဆန်(၆)ပြည်၊ ပဲဆီ (၅၀)ကျပ်သား၊ ကြက်ဥ (၃၀)လုံး၊ ကြက်သွန်နီ (၁)ပိဿာ၊ ငါးသေတ္တာ(၅)ဘူးပါ(၁)ကဒ်တို့ဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၂၁၄၆၅၆၀၀)ကို အသီးသီးထောက်ပံ့ ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KCB)ရုံး၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ နှစ်ခြင်းခရစ်ယာအသင်းတော်များ၊ ကက်သလစ်အသင်းတော်၊ AG အသင်းတော်၊ ခရစ်တော်၏ အသင်းတော်(COC)အသင်းတော်များ၊ အင်္ဂလီကန်အသင်းတော်၊ နတ်ဂျော့ စသည့် အသင်းအဖွဲ့အသီး သီးမှ တာဝန်ရှိသူများနှင့် သွားရောက်ပြီး သာသနာရေးဆိုင်ရာများ၊ တိုင်းပြည်တည်ငြိမ်းအေးချမ်းရေး၊ စားရေရိက္ခာပေါများရေးတို့အတွက် ဆုတောင်းမေတ္တာပို့သမှုများတောင်းခံခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက အသင်းတော် (၉)ခုတို့အတွက် အလှူငွေကျပ် (၁၀)သိန်းစီဖြင့် စုစုပေါင်းငွေကျပ်သိန်း (၉၀)၊ ဆန်အိတ် (၉၀)၊ ဆီ (၉)ပုံး၊ ဂေါ်ဖီထုပ် ၁၅၀ ထုပ်နှင့် ခရမ်းချဉ်သီးပိဿာ ၁၅၀ တို့အား အသီးသီးပေး အပ်လှူဒါန်းခဲ့ကြကာ ကောင်းချီးတောင်းခံဆုတောင်းမေတ္တာပို့သမှုများကို ခံယူခဲ့ကြ သည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အံတော်ရှင်တောင်တန်းသာ သနာပြုကျောင်းတိုက်သို့ သွားရောက်ပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၈) ကျောင်းတို့မှ ထေကြီးဝါကြီး ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုကာ အနုမောဒနာတရားတော် များ နာယူခဲ့ကြကာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလျှင် အလှူငွေကျပ် (၁၀)သိန်းဖြင့် ငွေကျပ် သိန်း (၈၀)၊ ဆန်အိတ် (၈၀)၊ ဆီ(၁၀)ပိဿာ ၈ ပုံး၊ ဂေါ်ဖီထုပ် ၁၅၀ ထုပ်နှင့် ခရမ်းချဉ်သီးပိဿာ ၁၅၀ ကို လှူဒါန်းပေးအပ်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ပြည်နယ်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်၊ အထူးကုဆရာဝန်ကြီးများ၊ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး ကုသရေး
ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံကြီးတို့တွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာ ရေးဝန်ထမ်း (၆၀၀)ဦးတို့အတွက် ငွေကျပ်သိန်း (၃၀)၊ ဆန် (၁၃၈)အိတ်၊ ဆီ (၃၀) ပုံး၊ ဂေါ်ဖီထုပ် (၆၀၀)ထုပ်၊ ခရမ်းချဉ်းသီးပိဿာ (၆၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ပြီး ပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးသန်းဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ငွေကျပ် (၁၀)သိန်း၊ ဆန် (၂၅)အိတ်၊ ဆီ(၁၀)ပုံး၊ ဂေါ်ဖီထုပ် (၁၀၀)၊ ဆီပိဿာ (၁၀၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယနေ့ နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်နေကြ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဘာသာရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ ပေးအပ်လှူဒါန်းမှုမှာ ထောက်ပံ့ပစ္စည်းနှင့် ငွေသားတန်ဖိုး စုစုပေါင်းငွေကျပ် (၂၅၂၂၈၀၉၀၀)ဖြစ် ကြောင်း သိရသည်။