ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေး၊ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်ဧက ၁၀၀ အထိ လယ်သီးထပ်ဆောင်းသီးနှံတိုးချဲ့ စိုက်ပျိုးနိုင် ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် ထယ်ရေးထွန်ယက်မှုအား ကြည့်ရှုအားပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁၅

          ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်း လျှောက်ပွဲကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲက ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ အထူးတန်းပွဲကြည့်စဉ်ရှေ့ စုရပ်မှ သတ်မှတ်လမ်း ကြောင်းများအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

          အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူးများ/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ တာဝန်ရှိသူများနှင့် ကျောင်း သား/ကျောင်းသူများနှင့် သင်တန်းသား/သင်တန်းသူများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ပြည်နယ်ပြည်သူ့အားကစားကွင်း၊ အထူးတန်းပွဲကြည့်စဉ်ရှေ့ စုရပ်မှ စတင်တာလွှတ်ခဲ့ကြပြီး ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် စီတာပူတံတားအနီး မီးပွိုင့်လမ်းဆုံနေရာမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း၊ ထိုမှတစ်ဆင့် ရုံးကြီးလမ်းအတိုင်း တစ်ပျော် တစ်ပါး စု‌ပေါင်းလမ်းလျှောက်ခဲ့ကြကာ ပြည်နယ်ဘောလုံးကွင်းအတွင်း ဝင်ရောက်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဘောလုံးကွင်းအတွင်း ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ အမှတ်(၁)နှင့် (၂) လေ့ကျင့်ခန်းနှင့် Fitness Dance တို့ကို စုပေါင်းလေ့ကျင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများအား ကံစမ်းမဲဖောက်၍ အိမ်အသုံးအဆောင်ပစ္စည်း များကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမှတ်(၂) နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသူလေးများက Fitness ဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် ဘောလုံးကွင်းအတွင်း ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲအဖြစ် မီတာ ၁၀၀ ၊ မီတာ ၂၀၀ နှင့် အပြေးပြိုင်ပွဲများအပါအဝင် အာလူးကောက်၊ ဘောလုံးကန်၊ သံပုံးရိုက် စသည့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ကြပြီး အားကစားနည်းအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက် အတွင်းရှိ ဗလမင်းထင်စံပြကွင်းအတွင်း ကျင်းပပြုလုပ်သည့် မိုးစပါးရိတ်သိမ်းပြီး လယ်များပေါ်တွင် ဆီထွက်သီးနှံ အပါအဝင် ဆောင်းသီးထပ်လယ်သီးနှံ စိုက်ပျိုးနိုင်ရေး မြို့နယ်အတွင်းရှိ တောင်သူအား အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

ထိုသို့တောင်သူများအား အသိပညာပေးဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချူပ်က မိမိတို့ ကချင် ပြည်နယ်အနေဖြင့် စပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ဆန်ဖူလုံမှုူရှိသော်လည်း စားဆီဖူလုံမှုအနေဖြင့် ၄၀ ရာခိုင်နှုန်းကျော်သာရှိသည့်အတွက် တစ်နှစ်လျှင် စားဆီတန်ချိန် (၇၀၀၀)ကျော်အား အခြားဒေသ မှ မှာယူတင်သွင်းစားသုံးနေရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ဒေသတွင်းရှိ မိုးစပါးရိတ်သိမ်းပြီးလယ်မြေ များတွင် ဆီထွက်သီးနှံအား သီးထပ်အဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ပါက ဒေသတွင်း စားဆီဖူလုံလာမည် ဖြစ်သည့်အပြင် မိမိတို့အနေဖြင့်လည်း သီးထပ်စိုက်စွမ်းအား  ၂၀၀ ရာခိုင်နှုန်းရရှိစေခြင်းဖြင့် စားဆီ ဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော် ရရှိရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်းကို အသိပေး လိုပါကြောင်း၊ ယနေ့ စံပြကွင်းအပါအဝင် မိုးစပါးစိုက်ကွင်းများ အားလုံးတွင် သီးထပ်စိုက် ဧကတိုးချဲ့ စိုက်ပျိုးနိုင်‌ရေး မိမိတို့အားလုံးက အလေးအနက်ထား ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တို့မှ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများက မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် သီးထပ်စိုက်ပျိုး နိုင်ရေး ပံ့ပိုးကူညီပေးနိုင်သည့် လုပ်ငန်းအစီအမံများနှင့် စိုက်ပျိုးရမည့် နည်းလမ်းများကို ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာကြသည့် တောင်သူများက မိုးစပါးစိုက်ကွင်းများအလိုက် သီးထပ်စိုက် ပျိုးနိုင်ရေး လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လယ်များ အချိန်မီ ထယ်ရေးထွန်ယက်ပြီးစီးရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် နေကြာ၊ ပဲပုတ် မျိုးစေ့များ ကူညီ ပေးနိုင်ရေး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင် ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သီးထပ်စိုက်ပျိုးမည့် တောင်သူများ အတွက် နေကြာမျိုးစေ့အိတ်များနှင့် စွမ်းအားပြည့်သဘာဝမြေသြဇာအိတ်များကို ပံ့ပိုးပေးအပ်ခဲ့ကြ ပြီး ဒေသခံတောင်သူများ၊ ဌာနဆိုင်ရာများနှင့်အတူ မိုးစပါးရိတ်သိမ်းပြီးလယ်များအတွင်း စက်မှုလယ် ယာဦးစီးဌာနမှ လယ်ထွန်စက်များဖြင့် ထယ်ရေးထွန်ယက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက် အဆိုပါ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီးလယ်ဧက ၁၀၀ ခန့် အား သီးထပ်စိုက်ပျိုးကြမည့် တောင်သူများအတွက် ရေဝပ်လယ်များအား ထယ်ရေး ဝင်ရောက်နိုင် ရေး ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက် ယန္တရားကြီးများဖြင့် လယ်ကြားမြေသားမြောင်းများ တူးဖော်ဆောင်ရွက်ပေးနေမှု အခြေအနေများ နှင့် တောင်သူများအတွက် လယ်အဝင်/ အထွက် ကုန်ထုတ်လမ်းများ ပြုပြင်ဖောက်လုပ်ပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          အဆိုပါ ဗလမင်းထင်စံပြစိုက်ကွင်းအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးစပါးအပါအဝင် တစ်နှစ်လျှင် သီးထပ် (၂)သီး၊ (၃)သီး စိုက်ပျိုးနိုင်ရေး လယ်များအကြား ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်း(မြောင်းမကြီး)အား ကျောက်စီနံရံဖြင့် စနစ်တကျ ပြုပြင်ဖောက်လုပ်ခြင်း၊ လယ် ကြားမြောင်းများနှင့် လက်တံရေသွင်းမြောင်းများ ဖောက်လုပ်ပေးခြင်း၊ သီးထပ်အတွက် စိုက်ပျိုးရေ လုံလောက်မှုရှိစေရေး ဆိုလာစက်ရေတွင်း (၃၀)ကျော် တူးဖော်ပေးခြင်း၊ ကျွဲ/နွားအန္တရာယ်အတွက် ခြံစည်းရိုးခတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးထားပြီး ယခုနှစ်တွင် စံပြစိုက်ကွင်းအတွင်း ပါဝင်သည့် မန်ခိန်ကွင်း၊ တပ်ကုန်းကွင်းနှင့် စီတာပူကွင်းအတွင်းရှိ လယ်ဧက အားလုံးနီးပါး လယ်သီးထပ် ဆောင်းသီးနှံအဖြစ် နေကြာ၊ ပဲပုပ်နှင့် အခြားသီးနှံများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။