ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင် ပြန်လည်ရောက်ရှိလာကြသည့် ပြည်နယ်ကိုယ်စားပြုအားကစားအဖွဲ့များအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား     ဒီဇင်ဘာ ၁၆

          ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အား နေပြည်တော်၌ ဒီဇင်ဘာ ၉ ရက် မှစတင်၍ ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားက စားပြိုင်ပွဲတွင် အားကစားနည်း(၂၃)နည်းအနက် အားကစား(၂၁)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိပြီး အားကစားနည်းများအနက် ပြိုင်ပွဲအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိ လာသော အားကစားအဖွဲ့များအား ဒီဇင်ဘာ ၁၅ ရက် ညနေ ၇ နာရီက မြစ်ကြီးနားလေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

          ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် လေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားသမားများ၏ မိဘများနှင့် ညီအစ်ကို မောင်နှမများ၊ ကျောင်းသား/ ကျောင်းသူများက ဘင်ခရာအဖွဲ့နှင့်အတူ လေကြောင်းခရီးဖြင့် ပြန် လည်ရောက်ရှိလာသော ဖူဆယ်ဘောလုံး(ကျား၊ မ)အသင်းများ၊ ဘတ်စကတ်ဘော၊ ‌ဘောလီဘော (ကျားနှင်မ)အသင်းများ၊ လက်ဝှေ့၊ ကြက်တောင် စသည့် အားကစားအသင်းများအား ဂုဏ်ပြုပန်းကုံး ဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့သည်။

          ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ အားကစားအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်က ခမ်းခမ်းနားနား ကျင်းပပြုလုပ်လျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့်အတွက် မိမိအနေဖြင့် ပြည်နယ်သူ/ ပြည်နယ်သားများ ကိုယ် စား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆုတံဆိပ်ရရှိခဲ့သည့် အားကစားအသင်းများကို ဂုဏ်ပြုသကဲ့သို့ ဆုမရရှိသော်လည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့မှုအပေါ်၌လည်း ဂုဏ်ပြုကြိုဆို ပါကြောင်း၊ လာမည့်ပြိုင်ပွဲများတွင်လည်း ပြည်နယ်အတွက် ယခုကဲ့သို့ ဂုဏ်ယူရသည့် လူငယ်များ အဖြစ် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။

          ဆက်လက်၍ အားကစားနည်းအလိုက် အုပ်ချုပ်သူ/ နည်းပြများက ပြိုင်ပွဲများအလိုက် ပါဝင် ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများနှင့် ဆုတံဆပ်ဆွတ်ယူရရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်း တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းအလိုက် နောင်လာမည့် ပြိုင်ပွဲများတွင် ယခု ကဲ့သို့ ပြည်နယ်အတွက် ဂုဏ်ယူရသည့် ပါရမီပြည့်ဝသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်၍ စနစ်တကျ လေ့ကျင့်ထားရှိရေး တိုက်တွန်အားပေးခဲ့ပြီး ကြိုဆိုဂုဏ်ပြုခဲ့ကြသည့် ဘင်ခရာအဖွဲ့အား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

          ယနေ့ ပြန်လည်ရောက်ရှိလာသော အားကစားအသင်းများအနေဖြင့် အုပ်ချုပ်သူ/ နည်းပြနှင့် အားကစားသမားဦးရေ စုစုပေါင်း (၆၉)ဦးဖြစ်ပြီး အဆိုပါ အားကစားအသင်းများအနက် ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းအနေဖြင့် ငွေတံဆိပ်ဆုကို လည်းကောင်း၊ ဘတ်စကတ်ဘော အသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသမီးဘောလီဘောအနေဖြင့် ကြေးတံဆိပ်ဆုကို လည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲဝင် ငွေတံဆပ်တစ်ခုကို လည်းကောင်း ပြည်နယ် ဂုဏ်ဆောင်ရရှိခဲ့ကြောင်း သိရသည်။