ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ်(၆၀)ပြည့် မြန်မာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စေတနာ သွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၀

          ကချင်ပြည်နယ်စေတနာသွေးသန့်သွေးလှူရှင်များအသင်းက ကြီးမှူး၍ နှစ် (၆၀)ပြည့် မြန်မာ့ သွေးလှူရှင်များနေ့အထိမ်းအမှတ် စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ် ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးခဲ့သည်။

          အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှ အေး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆေးရုံအုပ်ဒေါက်တာဝင်းမော်နှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ် စေတနာသွေးသန့်သွေးလှူရှင်များအသင်း ဥက္ကဋ္ဌ၊ အသင်းတာဝန်ရှိသူများနှင့်အတူ စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းနိုင်ရေး ကျန်းမာရေးဝန်ထမ်းများ ကူညီဆောင်ရွက်ပေး မှုဖြင့် သွေးလှူဒါန်းပေးကြသော စေတနာ့သွေးလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့်စွက် အစားအသောက်များကို လည်းကောင်း၊ ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်ဌာနနှင့် ကချင်ပြည်နယ် စေတနာသွေးသန့်သွေးလှူရှင်များ အသင်းတို့အတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။