ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မိသားစုခရစ္စမတ်ပွဲတော်သို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၅ နာရီခွဲက ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ မြို့တွင်းလမ်းများအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

          အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ပညာရေးကောလိပ်နှင့် သူနာပြုကျောင်းများမှ သင်တန်းသား/ သင်တန်းသူများ၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများက ပြည်သူ့ အားကစားကွင်း အထူးတန်းပွဲကြည့်ရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီး၊ ဆွမ်ပရာဘွမ်လမ်းမှတစ်ဆင့် ရုံးကြီးလမ်းမအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်နယ်ဘောလုံးကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်ကာယ ကြံ့ခိုင်မှု အတွဲ အမှတ်(၁)၊ (၂)နှင့် Fitness Dance တို့ကို အတူတကွ စုပေါင်းလေ့ကျင့်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသူလေးများ၏ Fitness Dance အကဖြင့် သရုပ်ဖော် ကြပြမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ် သည့် ၂၀၂၄ ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မိသားစုခရစ္စမတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မိသားစုခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတော်သို့ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှု ကူညီရေးအသင်းများမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြရာ ရိုးရာဧည့်ကြိုသီချင်း၊ အတီးအမှုတ်၊ အကအဖွဲ့များနှင့်အတူက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

          ရှေးဦးစွာ ခရစ္စမတ် ဝတ်ပြုဆုတောင်းပွဲကို ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များက ဦးဆောင်၍ ဝတ်ပြုခြင်းအစီအစဉ်ကို စတင်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်းနှင့်အတူ ခရစ်တော် မွေးနေ့မင်္ဂလာပွဲတော်ကို တစ်ဦးကိုတစ်ဦး ချစ်ခြင်း မေတ္တာပြသသည့်အနေဖြင့် ယခုလို ဌာနဆိုင်ရာ များ၊ မိတ်ဆွေများနှင့်အတူ အတူတကွ ကျင်းပပြုလုပ်ခွင့်၊ ဝတ်ပြုဆုတောင်းခွင့်ရရှိသည့်အတွက် ကျေးဇူးတော်ချီးမွမ်းရင်း ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခု ဖြစ်လာစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

          ဆက်လက်၍ ဘုန်းတော်ကြီး ဖာသာဒေါက်တာယုံဝါ၊ သိက္ခာတော်ရဆရာများ၏ ဦးဆောင်မှု နှင့်အတူ ဝတ်ပြုဆုတောင်းပွဲ အစီအစဉ်အဖြစ် ကျမ်းစာဖတ်ခြင်း၊ ဓမ္မတေးသီချင်း သီဆိုဆက်ကပ် ခြင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ခရစ္စမတ်ဓမ္မသံချပ်ရွတ်ဆိုချီးမွမ်း ခြင်း၊ ဓမ္မဒေသနာတော်ဟောကြားခြင်း၊ ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ခြင်းတို့ကို ဆောင် ရွက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာများ နှင့် ပါဝင်ကူညီကြသော ရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ခရစ္စမတ်လက်ဆောင်များကို ပေးအပ် လှူဒါန်းခဲ့ပြီး ပွဲတော်တက်ရောက်လာသူများနှင့်အတူ  ခရစ္စမတ်ပွဲတော် အထိမ်းအမှတ် နေ့လယ်စာ ကို အတူတကွ သုံးဆောင်ခဲ့ကြရာ ဝန်ထမ်းမိသားစုများက ခရစ္စမတ်တေးသီချင်း သရုပ်ဖော်အက အလှများ၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။