ဗန်းမော် ဒီဇင်ဘာ ၁၁
ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ဈေးများအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် အောက်စီဂျင်စက်ရုံတည်ဆောက်ရေးတို့ အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၁ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းကို၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ သီရိရတနာ (အမှတ်-၁)နှင့် အမှတ် (၂) တို့တွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေခဲ့ကြပြီး Mask များစနစ်တကျတပ်ဆင် ရောင်း/ဝယ်မှုပြုကြရေး အသိပညာပေးကြကာ ဈေးများအဆင့်မြှင့်တင် ဆောင်ရွက်မည့် အစီအစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဈေးများ တိုးချဲ့မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အမှတ်(၁)ဈေး တွင် ပျံကျဈေးရုံများ တိုးချဲ့ဆောင်ရွက်သွားမည့် လျာထားအစီအစဉ်များနှင့် အမှတ်(၂)ဈေးအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က မြို့အင်္ဂါရပ်နှင့်အညီ ဈေး များအား သန့်ရှင်းသပ်ရပ်စွာ တိုးချဲ့၍ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ရေရှည်အတွက် အစီအမံ များ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများအား ဦးတည်အုပ်စုအလိုက် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုပရဟိတအသင်းအဖွဲ့များ ဝိုင်း ဝန်းစုပေါင်း၍ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေကို ကြည့်ရှုအားပေးခဲ့ကြပြီး ထောက်ပံ့ငွေကျပ် ၂ သိန်းကို ထောက်ပံ့ပေးအပ်ကာ နှာခေါင်းစည်း Mask များကို ဖြန့်ဝေပေးအပ် ခဲ့ကြသည်။
ယင်းနောက် သာစည်ရပ်ကွက်အတွင်း ၁၃ ဧကကျော်ရှိသည့် ဂေါ်ရာကန်အား ကြည့်ရှု စစ်ဆေးပြီး သန့်ရှင်းသာယာလှပစေပြီး အများပြည်သူအပန်းဖြေသည့်နေရာတစ်ခု ဖြစ်လာရေး စီမံဆောင်ရွက်ရာတွင် ကန်၏ အစိတ်အပိုင်း တစ်ခုချင်းစီအလိုက် အဆင့်မြှင့်တင်ဆောင်ရွက်သွား ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပင်စင်ကုန်းလမ်းပေါ်ရှိ ခိုင်ခန့်မှုမရှိတော့သည့် ပေ ၁၃၀ အရှည် သစ်သားတံတားအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လမ်းတိုးချဲ့၍ သံကူကွန်ကရစ်တံ တားတည်ဆောက်ပေးနိုင်ရေး ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာများအကြား ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် ဗန်းမော်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တည်ဆောက်သွားမည့် အောက်စီဂျင်စက်ရုံမြေနေရာအားကြည့်ရှုစစ်ဆေးပြီး စက်ရုံတည်ဆောက် နိုင်ရေး လျှပ်စစ်မီးရရှိမှုအခြေအနေတို့အား မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်သူနာပြုများအတွက် ထောက်ပံ့ငွေများ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ဖိုးဒေဝကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်း ဆောင်ရွက်ပေးထားသည့် သုညသုခပရဟိတလူငယ်အသင်းမှ တည်ထောင်ဖွင့်လှစ်ထားသည့် အောက်စီဂျင်စက်ရုံသွားလမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် စက်ရုံအတွင်း ပရဟိတလူငယ် များအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အောက်စီဂျင်စက်လည်ပတ်နိုင်မှုအခြေအနေနှင့် အောက်စီဂျင် ဖြန့်ဖြူးအသုံးချနိုင်မှုအခြေအနေတို့ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ဒေါ်မြစိန်မိသားစု ဥစားကြက်မွေးမြူရေးခြံ၌ ကြက်များ မွေးမြူထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှုအခြေအနေကို အားပေးပြောကြားပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။