ကချင်ပြည်နယ်ဝန်ကြီးချုပ် လမင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းအား ကြည့်ရှုအားပေး

မြစ်ကြီးနား  သြဂုတ် ၁
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာရပ် ကွက်အတွင်းရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ နိုင်ငံ့ရတနာခန်းမ၌ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနားသို့တက်ရောက်သည်။
ယင်းအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဦးစီးမှူးတို့က ကျောင်း၌ လမင်းစီမံချက်ဖြင့် နေ့ချင်းအပြီးဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြပြီး အဆိုပါခန်းမအတွင်း ကျောင်းသား/ကျောင်းသူများအတွက် မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် အရာထမ်း/အမှုထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းအား One Stop Service ဖြင့် ပြုလုပ်ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။