ဝိုင်းမော် ဇွန် ၇
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်မြို့ အမှတ် (၃)ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အများပြည်သူအပန်းဖြေနိုင်ရေး ဖွင့်လှစ်ထားသည့် ဧရာမော်ပန်းခြံကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် စည်ပင်သာရေးအဖွဲ့မှ ဧရာမော်ပန်းခြံ အတွင်း မြေယာရှုခင်း အလှဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အားကစား အထောက်အကူပြုပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ကလေးကစားကွင်းများ ထည့်သွင်း တည်ဆောက်ထားရှိမှုနှင့် ပန်းခြံဧရိယာအတွင်း ပါဝင်နေသည် ဈေးဆိုင်ခန်းများ ဖျက်သိမ်းထားသည့် မြေနေရာတွင် ပန်းခြံအလှဆင်ခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ထိုမှတစ်ဆင့် မြို့အဝင် နေရာတွင် ဆောင်ရွက်ထားသည့် ပန်းခြံငယ်တို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွန်ငွေ ကောက်ခံရရှိမှုအခြေအနေများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်တက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့သည့် လမ်း၊ တံတား၊ ရေရှိ ရေးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်ဆန်စွာ ဆောင်ရွက်ပြီးစီးရေးနှင့် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့ အမှတ်(၂)ဈေးအတွင်း တာဝန်ရှိသူများနှင့် အတူ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနိုင်ရေး စီမံဆောင်ရွက်ပေးနေမှု၊ ဈေးသန့်ရှင်းသပ်ရပ်မှုနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။