မြစ်ကြီးနား အောက်တိုဘာ ၅
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကို အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့အစီအစဉ်များကိုကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ် တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အကျိုးပြု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနဆိုင်ရာ မေးခွန်း (၃)ခု၊ လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၂)ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၂)ခု၊ စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၃)ခု၊ စုစုပေါင်းမေးခွန်း (၁၀)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက မေးခွန်းများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် အစည်းအဝေး မိုးကောင်းမြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးနေလင်းစိုး က “ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေနှင့် ရုံးအသုံးအဆောင်များကို လက်ရှိကုန်စျေးနှုန်းများဖြင့် ကိုက်ညီမှုရှိစေရန် ပြန်လည်သုံးသပ်၍ တိုးမြှင့်သတ်မှတ်ပေးရန် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုအားတင်သွင်းရာ မိုးညှင်းမြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးထက်အောင်က အဆိုအားထောက်ခံပြီး ယင်းအဆိုနှင့်စပ်လျဥ်း၍ ပြည်နယ်လွှတ်တော်ဥက္ကဌက လွှတ်တော်၏အဆုံးအဖြတ်ကိုရယူကာ လွှတ်တော်တွင်လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ ကချင်ပြည်နယ်လွှတ်တော် သစ်တော၊ သတ္ထု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီဥက္ကဋ္ဌ ဗန်းမော်မြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အမှတ်(၂) ဦးဖိုးပါကြွယ်က “ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကြမ်း” အား ပြည်နယ်လွှတ်တော်သို့ တင်သွင်းပြီး ပြည်နယ်လွှတ်တော်ဥက္ကဌက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်း အဝေးတတိယနေ့ ဆက်လက်ကျင်းပ