အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား  နိုဝင်ဘာ ၃

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများသည် အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင်-၃၀၀ ၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး သွေးလှူဒါန်းပေးနေကြသည့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ခွန်အားဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်က တပ်မတော်ဆေးရုံအတွက် ချီးမြှင့်ငွေကျပ်သိန်း (၃၀)ကို ထောက်ပံ့ပေးအပ်ပြီး သွေးလှူရှင်များအား ဆေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးနေမှုများနှင့် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး နေ့လည်စာထမင်းဗူးများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။