ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနား-မန်ခိန်လမ်းကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ပေး၊ ပြည်နယ်အတွင်း ဆက်လက်ကျင်းပသွားမည့် အပိုင်း (၂) ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေး၊ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၃၁           ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ခင်းကျင်းဆောင်ရွက်ခဲ့သည့် မြစ်ကြီးနားမြို့တွင်းလမ်း မြစ်ကြီးနား-မန်ခိန်လမ်း ကတ္တရာကွန်ကရစ် (AC)လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက အဆိုပါ လမ်းသစ်၏ ရုံးကြီးလမ်းနှင့် သခင်နက်ဖေလမ်းထောင့်၌ ကျင်းပပြုလုပ်သည်။           လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် မြစ်ကြီးနား-မန်ခိန်ကတ္တရာကွန်ကရစ်လမ်းသည် မြို့တွင်း မီးသတ်ဦးစီးဌာနရုံးလမ်းဆုံမှ ကရိန်နော်လမ်းခွဲအထိ အရှည်(၆)မိုင်ရှိပြီး မြို့တွင်း မော်တော်ယာဉ်အများဆုံးသွားလာသည့် လမ်းပိုင်းတစ်ခုဖြစ်သည့်အပြင် မြို့တွင်း လမ်းပိုင်းများနှင့်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး Polytechnic University (Myitkyina) ခရစ္စမတ်ပွဲတော်နှင့် ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခရစ္စမတ်ပွဲတော်သို့ တက်ရောက်အားပေး၊ အခြေခံစားသောက်ကုန်များ ‌ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၃၁           Polythenic University (Myitkyina) ၂၀၂၅ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲကို အစပြု ဆုတောင်းဆက်ကပ်ခဲ့ကြပြီး ဓမ္မတေးသီချင်းအားသီဆိုကျူးဧခဲ့ကြကာ ပြည်နယ်ဝန်ကြီးက ခရစ်တော်မွေးနေ့ မြတ် အချိန်အခါကာလတွင် ယခုလို Polytechnic University (Myitkyina) ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ကျေးဇူးတော် ချီးမွမ်းခွင့်၊ ဆုတောင်းဆက်ကပ်အပ်နှံခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် Polytechnic University (Myitkyina)…

Read More

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင် ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မဲပေးစက်များ ပြန်လည်အပ်နှံထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၃၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထိန်းသိမ်းထားရှိရာနေရာသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် အသုံးပြုခဲ့သော မြစ်မာအီလက်ထရောနစ်မဲပေးစက်များကို စနစ်တကျပြန်လည်အပ်နှံထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်တာဝန်ခံနှင့် တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော်ရုံး၌ မြန်မာအီလက်ထရောနစ် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများက စနစ်တကျစစ်ဆေး၍ ပြန်လည်အပ်နှံထားရှိမှုအခြေအနေများနှင့် မဲပေးစက်တွင် အသုံးပြုခဲ့သည့်(၁၂)ဗို့ ဘက်ထရီအိုးများကိုပြန်လည်အားသွင်း၍ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ ရှေးဦးစွာ ပြည်နယ်တာဝန်ခံသည် ပါတီစုံဒီမိုကရေစီ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာ ပြိုင်ပွဲနှင့် နောင်းချိန်းကျေးရွာအတွင်းရှိ ယာယီတိမ်းရှောင်စခန်းများမှ အိမ်ထောင်စုများအား ဆန်အိတ်၊ ခြုံစောင်နှင့် အနွေးထည်အင်္ကျီများ သွားရောက်ထောက်ပံ့

မြစ်ကြီးနား     ဒီဇင်ဘာ ၃၀           ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ဘင်ခရာအဖွဲ့များက ပါဝင်ယှဉ်ပြိုင်ကြရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်းတို့ တက်ရောက်ကြသည်။           ရှေးဦးစွာ အခြေခံပညာကျောင်း (၆)ကျောင်းမှ ပြိုင်ပွဲဝင်ဘင်ခရာအသင်း (၆)သင်းက ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ် ဘင်ခရာတီးဝိုင်းများ၏ အရည်အသွေးပိုမိုမြင့်မားလာစေရန်၊ ကျောင်းသားလူငယ်များ စည်းကမ်းဥပဒေကို တိကျစွာလိုက်နာတတ်စေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန်စသည့် ရည်ရွယ်ချက်များနှင့်အညီ အခြေခံပညာကျောင်းများသည် စာပေတစ်ခုတည်းကို သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေး ဘက်စုံပညာရေးကို အလေးထားသင်ကြားပေးခြင်းပင် ဖြစ်ပါကြောင်း၊ ယနေ့…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတားအောက် သောင်တူးဖော်ခြင်းနှင့် နောင်တာလောကျွန်း Secondary Channel သောင်တူးဖော်ခြင်း လုပ်ငန်းအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား  ဒီဇင်ဘာ ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်နယ်အစိုးရဖွဲ့အနေဖြင့် မြို့၏မြစ်ရေနှင့်ထိစပ်သည့် ဧရိယာတစ်လျှောက် ကျောက်စီမြေထိန်းတမံများ၊ ရေထိန်းတံခါးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ရေကြောင်းဖွံ့ဖြိုးရေးအတွက် မြစ်တွင်းသောင်တူးဖော်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။           အဆိုပါ လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ဧရာဝတီမြစ်ရေကြီးမြင့်ဖြစ်စဉ်ကို ၁၉၇၉ ခုနှစ်၊ ၂၀၀၄ ခုနှစ်နှင့် ၂၀၂၄ တို့တွင် ဆိုးရွားစွာခံစားခဲ့ရပြီး အထူးသဖြင့် ၂၀၂၄ ခုနှစ် ရေကြီးမှုကြောင့် မြို့၏ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်ခဲ့ရပြီး ဘီလီယံ ၁၀၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့သည်ကို အားလုံးသိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် မြစ်ကြမ်းပြင်သည် ယခုနှစ်တွင် (၉)ပေမြင့်တက်လာကြောင်း ပညာရှင်များ၏ လေ့လာမှုအရသိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတားအောက် သောင်တူးဖော်ခြင်းနှင့် နောင်တာလောကျွန်း Secondary Channel သောင်တူးဖော်ခြင်းလုပ်ငန်းအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဒီဇင်ဘာ ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေးအတွက် ပြည်နယ်အစိုးရဖွဲ့အနေဖြင့် မြို့၏ မြစ်ရေနှင့်ထိစပ်သည့် ဧရိယာတစ်လျှောက် ကျောက်စီမြေထိန်း တမံများ၊ ရေထိန်းတံခါးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ရေကြောင်းဖွံ့ဖြိုးရေးအတွက် မြစ်တွင်းသောင်တူးဖော်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။           အဆိုပါ လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ဧရာဝတီမြစ်ရေကြီးမြင့်ဖြစ်စဉ်ကို ၁၉၇၉ ခုနှစ်၊ ၂၀၀၄ ခုနှစ်နှင့် ၂၀၂၄ တို့တွင် ဆိုးရွားစွာခံစားခဲ့ရပြီး အထူးသဖြင့် ၂၀၂၄ ခုနှစ် ရေကြီးမှုကြောင့် မြို့၏ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်ခဲ့ရပြီး ဘီလီယံ ၁၀၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့သည်ကို အားလုံးသိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် မြစ်ကြမ်းပြင်သည် ယခုနှစ်တွင် (၉)ပေမြင့်တက်လာကြောင်း ပညာရှင်များ၏လေ့လာမှုအရသိရှိရပါကြောင်း၊…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးလျက်ရှိ

မြစ်ကြီးနား á€’á€Žá€‡á€„á€şá€˜á€Ź ၂၈           ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီက စတင်ပြီး မဲရုံများဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၁)တွင် ပါဝင်သည့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများ ဆန္ဒမဲပေးခြင်းကို တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်လျက်ရှိသည်။           အဆိုပါ ရွေးကောက်ပွဲကို နံနက် ၆ နာရီမှစတင်၍ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးရှိ မဲရုံပေါင်း (၁၀၂)ရုံရှိသည့်အနက် သီတာရပ်ကွက်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁၅) ၊ ဧရာရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၁၁)၊ အောင်နန်းရိပ်သာရပ်ကွက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မဲရုံအမှတ် (၈၉)၊ ရွှေညောင်ပင်ရပ်ကွက်…

Read More

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင် ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မြစ်ကြီးနားမြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား  ဒီဇင်ဘာ  ၂၈           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် မြစ်ကြီးနားမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နံနက် ၆ နာရီက စတင်ဖွင့်လှစ်လျက်ရှိသော သက်ဆိုင်ရာ မဲရုံအသီးသီး၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်တာဝန်ခံ ဦးခင်ဇော်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် အမှတ် (၉) အခြေခံ ပညာမူလတန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ်(၈)သို့ ရောက်ရှိပြီး ရပ်ကွက်နေပြည်သူများ တည်ငြိမ်အေးချမ်းစွာ စနစ်တကျဆန္ဒမဲပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူများအစဉ်ပြေချောမွေ့စွာ မဲပေးနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် ပြည်နယ်တာဝန်ခံသည် လယ်ကုန်း(ဇီးလွန်)ရပ်ကွက်အတွင်း အမှတ် (၁၂) အခြေခံပညာအထက် တန်းကျောင်း၌ ဖွင့်လှစ်ထားသော…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မြစ်ကြီးနားမြို့နယ်အတွင်း မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇           ကချင်ပြည်နယ်အတွင်းလာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးတို့သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့‌ပေါ်ရှိ မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်တာဝန်ခံနှင့် တိုင်းမှူးတို့သည် ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ် (၁၅)၌ မဲဆန္ဒရှင်စာရင်းများ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံသို့ ပြောင်းရွေ့ကပ်ထားမှု အခြေအနေများ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ စုပေါင်းဆင်နွှဲ

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇           ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီက ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူ အများအပြားဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သူနာပြုသင်တန်းကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းလူဦရေ ၁၀၀၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှတာလွှတ်ခဲ့ကြကာ အား/ကာတိုက်တန်း လမ်း၊ ရုံးကြီးလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊…

Read More